close

လာဇီယိုကွင်းလယ်လူ မီလန်ကိုဗစ်ကိုခေါ်ယူရန် မန်ယူအသင်းကမ်းလှမ်းမည်

မန်ယူအသင်းဟာ အီတလီကလပ် လာဇီယိုကွင်းလယ်လူ မီလန်ကိုဗစ်ကို ခေါ်ယူဖို့ ကမ်းလှမ်း တော့ မယ်လို့သိရပါတယ်။

မန်ယူအသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင်ကို ခေါ်ယူဖို့ အဆင်မပြေဖြစ်နေချိန်မှာ နောက်ထပ်ကွင်းလယ်လူတစ်ဦးရှာဖွေနေတာပါ။

လက်ရှိအချိန်မှာ လာဇီယိုမှာ ခြေစွမ်းပြနေတဲ့ ဆားဘီးယားလက်ရွေးစင်ကွင်းလယ်လူ မီလန်ကိုဗစ် ဆာဗစ်ကို ပေါင် ၄၂ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ချိန်ရွယ်လာခဲ့တာပါ။

လာဇီယိုဘက်ကတော့ မီလန်ကိုဗစ်အတွက် ပေါင် ၅၉ သန်းစျေးနူန်း သတ်မှတ်ထားပါတယ်။ အသက် ၂၇ နှစ်ရှိ ဆားဘီးယားကွင်းလယ်လူဟာ ကွင်းလယ်ခံစစ်နဲ့ တိုက်စစ်မှာပါ ပြေးလွှားကစားနိုင်ပြီး လာဇီယိုအသင်းမှာ ၂၀၁၅ ခုနှစ်ကတည်းက ပုံမှန်ပွဲထွက် ကစားနေသူပါ။ သူဟာ လာဇီယိုအသင်းနဲ့ ၇ ရာသီအတွင်း ပွဲပေါင်း ၃ဝဝ နီးပါးကစားခဲ့ပြီး ၅၈ ဂိုးသွင်း ယူခဲ့ပါတယ်။ 

//
Up