close

ဗလက်ကာနိုနှင့် သရေကျသည့်ပွဲစဉ်တွင် ပွဲမပြီးခင် အိမ်ပြန်သွားသည့် ရော်နယ်ဒိုကို မန်ယူပရိသတ်များ ဝေဖန်

ဗလက်ကာနိုအသင်းနဲ့ ခြေစမ်းပွဲမပြီးခင်မှာ အိမ်ပြန်သွားတဲ့ စီရော်နယ်ဒိုကို မန်ယူပရိသတ်တွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

မန်ယူအသင်းဟာ မနေ့က စပိန်ကလပ် ဗလက်ကာနိုနဲ့ ခြေစမ်းကစားခဲ့ပြီး တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ လူငယ်ကစားသမားအများစုနဲ့အတူ တိုက်စစ်ကို ဦးဆောင်ခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာ နည်းပြတန်ဟတ်ဂ်က ရော်နယ်ဒိုတစ်ဦးတည်းကိုသာ လူစားလဲခဲ့ပြီး တခြား ကစားသမားတွေကို မိနစ် ၆ဝ နောက်ပိုင်းမှ လူစားလဲခဲ့တာပါ။

ရော်နယ်ဒိုဟာ ပွဲသိမ်းခရာမမှုတ်ခင်မှာဘဲ ကွင်းထဲကနေ ထွက်ခွာသွားတာကို ပရိသတ်တစ်ဦးက ဓာတ်ပုံရိုက်ထားခဲ့ပြီး တွစ်တာမှာ တင်ခဲ့ပါတယ်။

မန်ယူပရိသတ်တစ်ဦးကတော့ ဘုရင်ကြီး ထွက်ခွာသွားပုံဟာ အိုးထရတ်ဖို့ဒ်မှာ နောက်ဆုံးမြင်တွေ့ရ တာဖြစ်နိုင်ပြီး ရှက်စရာကောင်းတဲ့လုပ်ရပ်လည်းဖြစ်ကြောင်း တွစ်တာကနေ ဝေဖန်ပါတယ်။

နောက်ထပ် တစ်ဦးကတော့ ပေါ့ဘာတောင် မလုပ်ခဲ့တဲ့ အဲဒီလို မလေးမစားအပြုအမူကို စီရော်နယ်ဒိုက လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဝေဖန်ထားပါတယ်။

ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာချင်နေပြီး မန်ယူအသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားပါတယ်။

//
Up