close

အိန္ဒိယတွင် ဆေးရုံ ၁ ရုံ မီးလောင်ပြီး လူ ၉ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒယာ ပရာဒေ့ရှ် ပြည်နယ်ထဲမှာ ဩဂုတ် ၁ ရက်က ဆေးရုံမီးလောင်အပြီး လူ ၉ ဦးထက်မနည်း သေဆုံးတယ်လို့ ရဲက ပြောပါတယ်။

ဂျာဘယ်ပူရ်မြို့ ဘဝသစ်ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ လောင်တဲ့မီးကြောင့် သေဆုံးသူတွေထဲမှာ ဆေးရုံဝန်ထမ်း ၃ ဦးလည်း ပါဝင်တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

သေဆုံးသူအရေအတွက် ၁၀ ဦးကျော်မလားဆိုတာ အတည်ပြုနေဆဲပါလို့ ရဲမှူး ဆစ်ဟာ့ထ် ဗဟုဂုနက ပြောပါတယ်။

လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံ မီဒီယာက ဖော်ပြထားပါတယ်။

//
Up