အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာကို ချဲလ်ဆီးအသင်းနဲ့ ၂ နှစ် သက်တမ်းတိုး

3
ချဲလ်ဆီးအသင်းဟာ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာကို ၂ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။
အသက် ၃၂ နှစ်ရှိ စပိန်နောက်ခံလူဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပေမယ့် ချဲလ်ဆီး အသင်းက ဆက်ထိန်းဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့တာပါ။
အသင်းမှာဆက်ကစားခွင့်ရအောင် လုပ်ဆောင် ပေးခဲ့တဲ့ အသင်းပိုင်ရှင် တော့ဒီဘိုလီနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိကြောင်း၊ အသင်းခေါင်း ဆောင်အဖြစ် တာဝန်ယူခဲ့ရတာကို ဂုဏ်ယူပြီး အသင်းနဲ့အတူ ရှေ့ဆက်သွားချင်ကြောင်း အက်ဇ်ပီလီ ကွယ်တာကပြောပါတယ်။
သူဟာ ၂၀၁၂ ခုနှစ်က မာဆေးကနေပြောင်းရွှေ့လာသူဖြစ်ပြီး ၂၀၂၄ ခုနှစ် အထိ အသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။