close

ရုရှားကျူးကျော်မှုတွင် စစ်ရာဇဝတ်မှုကျူးလွန်သူ ၁၃၅ ဦးကို ယူကရိန်း တရားစွဲ

ရုရှားက ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီ ၂၄ ကျူးကျော်မှုနောက်ပိုင်းမှာ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့တယ်လို့ သံသယရှိသူ အယောက် ၂ သောင်း ၆ ထောင် နီးပါးကို ယူကရိန်းက စုံစမ်းစစ်ဆေးနေပြီး လူ ၁၃၅ ဦးကို တရားစွဲထားတယ်လို့ ယူကရိန်း စစ်ရာဇ၀တ်မှုဆိုင်ရာ အစိုးရရှေ့နေချုပ်က ရိုက်တာသတင်းဌာနကို ပြောလိုက်ပါတယ်။

စွဲချက်တင်ခံရသူတွေထဲက ၁၅ ဦးလောက်ဟာ ယူကရိန်းမှာ ထိန်းသိမ်းခံထားရပြီး နောက်ထပ် အယောက် ၁၂၀ ကျန်နေသေးတယ်လို့ အစိုးရရှေ့နေချုပ်ရုံးရဲ့ စစ်ရာဇဝတ်မှုဆိုင်ရာဌာန အကြီးအကဲ ယူရီ ဘီလောင်ဆော့ဗ်က မြို့တော် ကိယက်ဗ်မှာ သြဂုတ် ၅ ရက်က လုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောခဲ့ပါတယ်။

တရားရုံးဆီ အမှုပေါင်း ၁၃ မှု တင်သွင်းခဲ့ပြီး စီရင်ချက် ခုနစ်ချက် ထုတ်ပြန်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းမှာ ဖမ်းဆီးခံရတဲ့ အသက် ၂၁ နှစ်အရွယ် ရုရှားစစ်သားတဦးဟာ လက်နက်မဲ့ အရပ်သားတဦးကို သတ်ဖြတ်မှုအတွက် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံခဲ့ရပါတယ်။

//
Up