close

ယူကရိန်း ကောက်ပဲသီးနှံတင်သင်္ဘော တူရကီရေပိုင်နက်ထဲ ရောက်ရှိ

စစ်ဖြစ်နေတဲ့ ယူကရိန်းဆိပ်ကမ်းတွေထဲကနေ ထွက်လာတဲ့ ကောက်ပဲသီးနှံတင် သင်္ဘောတွေထဲက ပထမဆုံးသင်္ဘောဟာ တူရကီရေပိုင်နက်ထဲကို ဘေးကင်းကင်းရောက်အပြီး နောက်နေ့ဖြစ်တဲ့ သြဂုတ် ၃ ရက်မှာ လုံခြုံရေးစစ်ဆေးခံဖို့ စောင့်နေပါတယ်။

စပါးတန်ချိန် ၂၆,၅၂၇ တန် တင်ဆောင်လာတဲ့ ရာဇိုနီဟာ သြဂုတ် ၂ ရက်မှာ ယူကရိန်းနိုင်ငံ ဩဒက်ဇာဆိပ်ကမ်းကနေ ထွက်လာပြီး ၃၆ နာရီအကြာမှာ ပင်လယ်နက်ထဲက ဘော့စ်ပိုးရပ်စ် ဝင်ပေါက်ကို ရောက်လာခဲ့ပါတယ်။

ပို့ကုန်သဘောတူညီချက် ရရှိထားသရွေ့ ယူကရိန်းကနေ ကောက်ပဲသီးနှံတင် သင်္ဘောတစင်း နေ့စဉ်ထွက်ခွာဖို့ မျှော်လင့်ထားတယ်လို့ တူရကီအစိုးရ အကြီးတန်းအရာရှိတဦးက ပြောခဲ့ပါတယ်။

တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်က ရုရှား၊ ယူကရိန်း၊ တူရကီနဲ့ ကုလသမဂ္ဂ အမှုထမ်းတွေ လုပ်ဆောင်နေတဲ့ ပူးတွဲညှိနှိုင်းရေးစင်တာ (JCC) က ကိုယ်စားလှယ်အဖွဲ့က သင်္ဘောကို ဗုဒ္ဓဟူးနေ့ ဂရင်းနစ်စံတော်ချိန် ၀၇၀၀ နာရီမှာ စစ်ဆေးဖို့ မျှော်လင့်ထားတယ်လို့ တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

//
Up