close

ပူတာအို-မြစ်ကြီးနားကားလမ်းက ဆင်နီခကွန်ကရစ် တံတားကျိုးပျက်၊ ခရီးသွားများ အခက်တွေ့

ကချင်ပြည်နယ်ပူတာအို-မြစ်ကြီးနား ကားလမ်းပေါ်က  ဆွမ်ပီယန်ရွာအလွန် မိုင်တိုင်အမှတ် ၁၇၂ မှာရှိတဲ့ ဆင်နီခ ကွန်ဂရစ်တံတားဟာ ဒီ​နေ့ဩဂုတ် ၁၃ ရက် မနက် ၁ နာရီက  မိုးသည်းထန်စွာ ရွာပြီး ချောင်းရေတိုက်စားမှုကြောင့်  တံတားပျက်စီး‌ခဲ့ပြီး ခရီးသွားတွေ အခက်တွေ့နေတယ်လို့ ဆွမ်ပီယန်ရွာခံ တဦးက ပြောပါတယ်။

"မနေ့ ည ၁ နာရီလောက် မိုးအဆက်မပြတ် ရွာတော့ ချောင်းရေကြီးပြီး ရေတိုက်စားသွားလို့ တံတား ပျက်စီးသွားတာ။ ဒီမနက် ၁၀ နာရီခွဲထိ မပြင်သေးဘူး။ ဆောက်လုပ်ရေးတာ၀န်ရှိသူတွေ လာမယ်လို့တော့ ပြောတယ်။ ပူတာအိုဘက်က ခရီးသည်ကားတွေ ဆွမ်ပီယန်ရွာမှာ သောင်တင်‌ နေတယ်” 

ပူတာအိုမြို့မှာ ဩဂုတ်လအတွင်း ကုန်ပစ္စည်း​ ဈေးအဆမတန်မြင့် တက်နေပြီး ဓာတ်ဆီလည်း မရောင်းပေးတော့ ဘူးလို့ ပူတာအိုမြို့ခံ တဦးကလည်း ပြောပါတယ်။

"ဓာတ်ဆီက လုံး၀ မရောင်းပေး တော့ဘူး။ ‌ခလေးတွေ ကျောင်းအကြို အပို့အတွက် ဓာတ်ဆီ မတတ်နိုင်တော့ အခက်တွေ့တယ်။ စားဆီဆိုလည်း အရင်တလောက ၁ဗူးကို ၇၀၀၀ကျပ်နဲ့ ၀ယ်ခဲ့တာ ခု ၁ သောင်းကျော်ပြီ။"

ပူတာအို-မြစ်ကြီးနားကားလမ်းတလျောက် စစ်ကောင်စီနဲ့ ကေအိုင်အေတို့ကြား စစ်ရေး တင်းမာနေလို့ ပူတာအိုမှာ ကုန်ဈေးနှုန်း အဆမတန် မြင့်‌တက်လာ ပါတယ်။

//
Up