close

ရေစကြိုမြို့က မိတ္တူဆိုင်အလုပ်သမား ၄ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း ရေစကြိုမြို့အဝင် ရွှေကူကြီးဘုရားမြောက်ဘက် ပိတောက်မင်းမိတ္တူဆိုင်က အလုပ်သမား ၄ ယောက်ကို ဒီနေ့မနက် ၁၀ နာရီလောက်မှာ စစ်အုပ်စုတွေက အိမ်စီးကားတစ်စီးနဲ့ လာရောက် ဖမ်းဆီးသွားတာလို့ ရေစကြိုမြို့ခံ တယောက်က ပြောပါတယ်။

“အဲဒီမိတ္တူဆိုင်က လူတွေကို ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ အတိကျ မသိရသေးဘူး။ သူတို့ကို ရေစကြိုမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားတယ်။”

ဖမ်းဆီးခံရသူတွေ ဘယ်သူတွေဆိုတာတော့ လုံခြုံရေးအခြေအနေအရ မိသားစုဝင်တွေက ထုတ်ဖော်ပြောကြားလိုခြင်း မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ​သြဂုတ် ၁၂ ရက်အထိ နိုင်ငံတဝန်း  ဖမ်းဆီးခံရသူအယောက် ၁၂၀၀၀ အနက်  ၁၃၈၄ ယောက်ဟာ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က သြဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

//
Up