ဂျပန်နိုင်ငံတွင် အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်း

4
အပူပိုင်းမုန်တိုင်း မယ်အာ့ရိကြောင့် ဂျပန်နိုင်ငံ ရှိဇုအိုခါ့စီရင်စုမှာ သြဂုတ် ၁၃ ရက် ဒေသစံတော်ချိန် မနက် ၅ နာရီခွဲမှာ မိုးအသည်းအထန် ရွာသွန်းခဲ့ပါတယ်။
မယ့်အာ့ရိဟာ ဟွန်ရှူးကျွန်း အလယ်ပိုင်းဒေသတွေမှာ မိုးရေ ၃၀၀ မီလီမီတာအထိ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။
ဂျပန်နိုင်ငံသားအများအပြား မိသားစုတွေဆီ ခရီးထွက်တဲ့ နိုင်ငံရဲ့ ဘွန် အားလပ်ရက်ကာလကို ဒီမုန်တိုင်းက နှောင့်ယှက်နေတယ်လို့ ဂျပန်မိုးလေဝသဗျူရိုက ပြောပါတယ်။
မုန်တိုင်းကြောင့် ကျည်ဆန်ရထားဝန်ဆောင်မှုတွေ နှောင့်နှေးခဲ့ရပြီး Japan Airlines နှင့် ANA Holdings အပါအဝင် လေကြောင်းလိုင်းတွေက လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံလိုင်း NHK က ဖော်ပြခဲ့ပါတယ်။