ဆိုးလ်မြို့တွင် မိုးသည်းထန်ပြီး ရေမြုပ်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တဝိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဓာတ်အား ပြတ်တောက်ခဲ့ရာကနေ လမ်းတွေချော်ကုန်ပြီး လမ်းတွေနဲ့ မြေအောက်ရထားလမ်းတွေ ညတွင်းချင်း ရေနစ်မြုပ်သွားခဲ့ကာ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက သြဂုတ် ၉ ရက်မှာ ပြောပါတယ်။
သြဂုတ် ၈ ရက် နှောင်းပိုင်းက ဆိုးလ်မြို့တောင်ပိုင်းမှာ တနာရီကို မိုးရေ ၁၀၀ မီလီမီတာ (၃ ဒသမ ၉ လက်မ) ကျော် ရွာသွန်းခဲ့ပြီး မြို့ရဲ့ တချို့နေရာတွေမှာ မိုးရေ ၁၄၁ ဒသမ ၅ မီလီမီတာ ရွာသွန်းခဲ့တာပါ။
ဒါဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး မိုးရွာသွန်းမှုဖြစ်ကြောင်း ကိုရီးယား မိုးလေဝသ စီမံခန့်ခွဲရေး (KMA) က ပြောပါတယ်။
သြဂုတ် ၈ ရက် ညသန်းခေါင်ကစပြီး ၉ ရက်နေ့ မနက် ၅ နာရီထိ ဆိုးလ်မှာ စုစုပေါင်းမိုးရေချိန် ၄၂၀ မီလီမီတာရှိပြီး မိုးပိုလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။
လျှပ်စစ်မီး ထိန်ထိန်သာနေတတ်ပြီး တနေရာတည်းမှာ အစုံရှိတဲ့ ဂန်းနမ်ခရိုင်မှာလည်း အဆောက်အအုံနဲ့ စတိုးဆိုင်တချို့ ရေတွေ လျှံပြီး လျှပ်စစ်မီးလည်း ပြတ်တောက်နေခဲ့တာကြောင့် ကားတွေ၊ ဘတ်စ်ကားတွေနဲ့ မြေအောက်ရထားဘူတာရုံတွေ ရေနစ်မြုပ်ကုန်ပြီး လူတွေ သောင်တင် နေခဲ့ပါတယ်။