ပုဏ္ဏားကျွန်းတွင် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီးမှာ ဩဂုတ် ၁၅ ရက်န့ မနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ ကျောင်းသား ၂ ဦးအပါဝင် ၃ ဦးကို အရေးပေါ်လူနာအဖြစ် ဆေးရုံတင်ထားရတယ်လို့ လူမှုကူညီမှုတွေ ပြုလုပ်နေကြတဲ့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးမှာ မြောက်ဦးမြို့နယ် ဆင်ခံကျေးရွာက အသက် ၄၀ အရွယ် ဒေါ်သန်းဝင်းကြည်ဖြစ်ပြီး စတုတ္ထတန်းအရွယ် ကျောင်းသား ၂ ဦးကို ကျောက်ဆိပ်ကျေးရွာကို ဘေးတွဲနဲ့ ကျောင်းပို့ဖို့ ပြင်နေစဉ်မှာ ဖော့ကားဝင်းတိုက်မှုကြောင့် အခင်းဖြစ်တဲ့ နေရာမှာသေဆုံးသွားတာလို့ ရွှေရောင်မေတ္တာဖောင်းဒေးရှင်း (ပုဏ္ဏားကျွန်းမြို့နယ် ရုံးခွဲ) ဥက္ကဋ္ဌ ကိုမျိုးမြတ်သာဂီက ပြောပါတယ်။
“အဲဒီကလေး ၂ ဦးကို ကျောက်ဆိပ်ကို ကျောင်းပို့ဖို့အတွက် ဘေးတွဲမှာ တင်နေတာမှာ ဖောကားက နောက်က ဝင်တိုက်တာဖြစ်တယ်။ အမေဖြစ်သူကတော့ အဲဒီနေရာမှာတင် ဆုံးသွားတာ။ ကျောင်းသား ယောက်ကျားကလေးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို အရေးပေါ်လူနာအဖြစ် ပို့ဆောင်ထားရပြီး နောက်ထပ် ကျောင်းသူလေးတဦးကတော့ လက်အဆစ်လွဲနဲ့ ပွန်းပဲ့ဒဏ်ရာတွေရခဲ့သလို ဘေးတွဲမောင်းသူမှာလည်း ပွန်းပဲ့ဒဏ်ရာတွေရသွားတာကြောင့် ပုဏ္ဏားကျွန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေကြတယ်” လို့ပြောပါတယ်။
ဒဏ်ရာရရှိခဲ့ကြတဲ့ ကျောင်းသားကလေးမှာ သတိမရသေးတာကြောင့် စစ်ကွေ ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ထားရပြီး ကျောင်းသူနဲ့ ဘေးတွဲမောင်နှင်းသူကို ပုဏ္ဏားကျွန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရပါတယ်။
လက်ရှိမှာတော့ ယာဉ်မောင်းကို အရေးယူနိုင်ဖို့ ဒေသအာဏာပိုင်တွေက ဖမ်းဆီးခေါ်သွားတယ်လို့ သိရပါတယ်။