close

ဒါကာတွင် ပလတ်စတစ်စက်ရုံ မီးလောင်သဖြင့် ၆ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာ ပလတ်စတစ် စက်ရုံတရုံ ဩဂုတ် ၁၅ ရက်က မီးလောင်ခဲ့ပြီးနောက် လူ ၆ ဦးထက်မနည်း သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ဒါကာမြို့ဟောင်းဘက်အခြမ်းမှာရှိတဲ့ အဆောက်အအုံထဲ ဖွင့်ထားတဲ့ စက်ရုံ မီးလောင်ရတဲ့ အကြောင်းကိုတော့ မသိရသေးပါဘူး။ 

အနားမှာ နေထိုင်သူတယောက်ကတော့ ဓာတ်ငွေ့ကန် ပေါက်ကွဲရာကနေ မီးစလောင်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

အလောင်း ၆ လောင်းကို အဆောက်အအုံထဲကနေ ဆွဲထုတ်ခဲ့ရပြီး သေဆုံးသွားသူတွေဟာ မီးလောင်တဲ့အချိန်မှာ အိပ်ပျော်နေတဲ့ပုံရတယ်လို့ မီးသတ်အရာရှိတွေက ဆိုပါတယ်။ 

//
Up