close

အီဂျစ်နိုင်ငံ ဘုရားကျောင်းမီးလောင်မှုတွင် လူ ၄၀ ထက်မနည်းသေဆုံး

အီဂျစ်နိုင်ငံ၊ ဂီဇာမြို့က ဘုရားကျောင်းမှာ  သြဂုတ် ၁၄ ရက်က မီးလောင်မှုအတွင်း လူအယောက် ၄၀ ထက်မနည်း သေဆုံးပြီး ၄၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အမ်ဘာဘာရပ်ကွက်ရှိ ကော့ပ်တစ်အဘူဆီဖှင် ဘုရားကျောင်းမှာ လူပေါင်း ၅၀၀၀ လောက် စုဝေးနေတုန်း လျှပ်စစ်မီးကြောင့် မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ဘုရားကျောင်းဝင်ပေါက် ပိတ်ဆို့သွားပြီး လူအုပ်ပြိုလဲကျရင် လူနင်းခံရလို့ ထိခိုက်သေဆုံးခဲ့ကြရတာပါ။ သေဆုံးသူအများစုက ကလေးငယ်တွေလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အီဂျစ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဂီဇာမြို့ဟာ ကိုင်ရိုမြို့ကနေ နိုင်းမြစ်ခြားပြီး တဖက်ကမ်းမှာ ရှိပါတယ်။

သေဆုံးသွားခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေအတွက် စိတ်ရင်းမှန်နဲ့ ဝမ်းနည်းကြေကွဲ မိတယ်တဲ့အကြောင်း အီဂျစ်သမ္မတ အယ်လ်စီစီက တွစ်တာလူမှုကွန်ယက်မှာရေးထားပါတယ်။ 

//
Up