close

မိုင်ယာမီမြို့တွင် ဆေးဝါးထုတ်လုပ်ရေး စက်ရုံတရုံ စီးနင်းခံရ

အမေရိကန်နိုင်ငံပြည်ထောင်စု တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေဟာ  ဩဂုတ် ၁၆ ရက်မှာ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ရှိ ဆေးဝါးထုတ်လုပ်ရေး စက်ရုံတရုံကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်က အကြီးဆုံး opioid မူးယစ်ဆေးပြားထုတ်လုပ်တဲ့ စက်ရုံကို လုပ်ကိုင် လည်ပတ်နေပုံရတဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးသူတွေက ရှာတွေ့ခဲ့အပြီး ခုလို စီးနင်းခဲ့တာပါ။

မိုင်ယာမီမြို့က Healthplus Pharmacy ဆေးဝါးလုပ်ငန်းကို ရှာဖွေရေး ဝရမ်းနဲ့ အင်္ဂါနေ့က ဝင်ရောက်ရှာဖွေရာမှာ ဆေးဝါးစီမံကွပ်ကဲမှုရုံး (DEA)၊ ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှု (HHS) တို့ကအရာရှိတွေ အပါအဝင် လူတစ်ဒါဇင်ကျော် ပါဝင်တာကို ဗွီဒီယိုရိုက်ကူးသူနဲ့ ရိုက်တာ ဓာတ်ပုံဆရာတစ်ဦးတို့က မျက်မြင်တွေ့ခဲ့ကြပါတယ်။

ဒီဆေးဝါးစက်ရုံဟာ အနည်းဆုံး ၂၀၀၆ ခုနှစ်ကတည်းက လုပ်ငန်းစတင်ခဲ့တယ်လို့ HHS မှတ်တမ်းတွေက ဆိုပါတယ်။

//
Up