ပင်နယ်တီလွဲချော်ခဲ့မှုနှင့် ပတ်သက်ပြီး VAR စစ်ဆေးချိန်ကြာမြင့်မှုကို ယော်ဂင်ညို အပြစ်တင်

ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တာနဲ့ ပတ်သက်ပြီး VAR နဲ့ စစ်ဆေးချိန်ကြာမြင့်တာကို ယော်ဂင်ညိုက ပြစ်တင်သွားပါတယ်။
ယော်ဂင်ညိုဟာ ဝက်စ်ဟမ်းနဲ့ ပွဲပြီးခါနီးမှာ ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် ဝင်အောင်မကန်သွင်းနိုင်ခဲ့ဘဲ ဂိုးသမား ဖေဘီယန်စကီးက ကာကွယ်နိုင်ခဲ့တာပါ။
ရုပ်သံပြန်ကြည့်ပြီးဆုံးဖြတ်တဲ့ VAR ဒိုင်လူကြီးတွေဟာ ပင်နယ်တီပေးတာနဲ့ ပတ်သက်လို့ အချိန်ကြာမြင့်စွာ စစ်ဆေးမှုလုပ်ဆောင်နေတာကြောင့် ပင်နယ်တီကန်သွင်းရာမှာ အာရုံစူးစိုက်ဖို့ ခက်ခဲခဲ့တယ်လို့ ယော်ဂင်ညိုက ပြောပါတယ်။
“အနိုင်ရဖို့ လိုအပ်နေတဲ့ပွဲစဉ်လည်းဖြစ်၊ ပွဲပြီးခါနီးမှာ ရခဲ့တဲ့ ပင်နယ်တီလည်းဖြစ်တော့ ဖိအားတချို့တော့ ရှိခဲ့တယ်။ ဒါ့အပြင် VAR က ပြန်ပြီး စစ်ဆေးနေတာ အချိန်ကြာမြင့်ခဲ့တာကြောင့်လည်း ပင်နယ်တီကန်သွင်းရာမှာ အာရုံစူးစိုက်ဖို့ ခက်ခဲခဲ့ပါတယ်။ ဖိအားတွေကို ကျော်ဖြတ်ပြီး စိတ်ကို အတည်ငြိမ်ဆုံးထား ကန်သွင်းခဲ့ပေမယ့် ဂိုးမဝင်ခဲ့ပါဘူး။ အသင်းပရိသတ်တွေကို တောင်းပန်ပါတယ်” လို့ ယော်ဂင်ညိုက ပြောပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်ကလည်း ယော်ဂင်ညိုဘက်ကနေ ကာကွယ်ပြောခဲ့ပြီး နောက်လာမယ့် ပွဲတွေမှာလည်း ယော်ဂင်ညိုပဲ ပင်နယ်တီကန်သွင်းတဲ့ တာဝန်ယူ ဆက်ယူမယ်လို့ ပြောသွားခဲ့ပါတယ်။