ချီလီလွှတ်တော်အမတ်များကို မူးယစ်ဆေး သုံးစွဲမှု ရှိ၊မရှိ အလှည့်ကျစစ်ဆေး

ချီလီနိုင်ငံမှာ တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ပတ်သက်ပြီး ဇူလိုင်လမှာအတည်ပြုခဲ့တဲ့ စည်းမျဉ်းအရ ချီလီလွှတ်တော် အမတ် ၇၈ ဦးကို အခုတပတ် မူးယစ်ဆေးဝါးစမ်းသပ်မှုတွေကို ထီစနစ်နဲ့ ရွေးချယ်ခဲ့ပါတယ်။
ကွန်ဂရက်လွှတ်တော်မှာ ပိုမိုပွင့်လင်းမြင်သာလာစေဖို့ အောက်လွှတ်တော်အဖွဲ့ဝင်တွေကို မူးယစ်ဆေးဝါး သုံးစွဲထားလားဆိုတာကို ဆံပင်ကို ခွဲခြမ်းစိတ်ဖြာမှုလုပ်ပြီး ဆုံးဖြတ်ဖို့ ၆ လတကြိမ် ကျပန်းရွေးချယ်သွားမှာ ဖြစ်ပါတယ်။
လက်ယာယိမ်းအမတ် ဟွမ် အန်တိုနီယို ကိုလိုမာအတွက်တော့ ဒါက ဥပဒေပြုအမတ်တွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဆီက ပြင်ပဖိအားမပါဘဲ ဥပဒေပြုကြောင်း လူအများကို ပြသတဲ့ နည်းလမ်းလို့ ဆိုပါတယ်။ တခြားသူတွေကတော့ ဒါကို ဆန့်ကျင်ကန့်ကွက် ပြောဆိုကြပါတယ်။
လက်ဝဲအမတ် တိုမာစ် ဒီ ရှမန်တေးရီယားအတွက်ကတော့ ပေါ့စတစ်အဖြေ ထွက်သူတိုင်းအတွက် တာဝန်ခံမှု ရှိမှာ မဟုတ်လို့ ဒီလုပ်ဆောင်ချက်ဟာ အထူးအဆန်း ဖျော်ဖြေမှုသက်သက်သာ ဖြစ်မယ်လို့ ဆိုပါတယ်။
စည်းမျဉ်းအရ ရလဒ်တွေကို အများသူငါသိအောင် ထုတ်ပြန်မှာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် တဦးမှာ စစ်ဆေးတွေ့ရှိရင် သူတို့ရဲ့ ဘဏ်စာရင်းအချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြန် နိုင်ပါတယ်။
အောက်လွှတ်တော်မှာ အဖွဲ့ဝင် ၁၅၅ ဦးရှိပြီး စစ်ဆေးမှုရဲ့ ရည်ရွယ်ချက်မှာ လွှတ်တော် အမတ်တဦးစီကို သူတို့ရဲ့ ၄ နှစ်သက်တမ်းအတွင်း နှစ်ကြိမ် စစ်ဆေးဖို့ ဖြစ်ပါတယ်။ စစ်ဆေးခံဖို့ ငြင်းဆိုသူ ဘယ်သူမဆို လွှတ်တော်ရဲ့ ကျင့်ဝတ်ကော်မတီကို ရည်ညွှန်းနိုင်ပါတယ်။