close

ရုရှားထိန်းချုပ်ထားသည့် ဇာပိုရစ်ဇီယားနျူကလီးယားစက်ရုံကို IAEA ကျွမ်းကျင်သူများ ပြင်ဆင် မည်

ဇာပိုရစ်ဇီယား နျူကလီးယားစက်ရုံရဲ့လုံခြုံရေးကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ အိုင်အေအီးအေရဲ့ အထူးအဖွဲ့တဖွဲ့က ပြန်တည်ဆောက်ပေးမှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ဩဂုတ် ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ရုရှားကတော့ ဓာတ်ရောင်ခြည် ခြိမ်းခြောက်မှုရှိကြောင်း သတိပေးထားပါတယ်။

ရုရှားထိန်းချုပ်ထားတဲ့ စက်ရုံကို ပစ်ခတ်မှုကြောင့် ကိယက်ဗ်နဲ့ မော်စကိုတို့က အချင်းချင်း အပြစ်တင်ကြခဲ့ကြပြီး ချာနိုဘိုင်းပုံစံ နျူကလီးယား ဘေးအန္တရာယ် ဖြစ်နိုင်ချေကို စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ 

ဇီလန်စကီးကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် နဲ့ တူရကီသမ္မတ တေယစ်အာဒိုဂန်တို့နဲ့ ဆွေးနွေးမှုမှာ IAEA မစ်ရှင်တစ်ခုရဲ့ မူဘောင်တွေအပေါ်  သဘောတူခဲ့ကြောင်း သြဂုတ် ၁၈ ရက်မှာ ပြောပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က IAEA မှ ကျွမ်းကျင်သူတွေကို အထူးမစ်ရှင်တဖွဲ့ စေလွှတ်ဖို့ သဘောတူခဲ့ကြောင်း ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းရဲ့ရုံးခန်းက ဩဂုတ် ၁၉ မှာ ပြောကြားခဲ့ပါတယ်။ 

ဇလန်းစကီးက ရုရှားဓာတ်ငွေ့အပေါ် မှီခိုအားထားနေရမှုကို လျှော့ချဖို့ ဥရောပနိုင်ငံတွေကို ထပ်မံတောင်းဆိုခဲ့ပြီး ရုရှားဟာ အဓိကပံ့ပိုးပေးသူအဖြစ် ဆက်ရှိနေသရွေ့ စွမ်းအင် လိုအပ်ချက်တွေ မတည်ငြိမ်မှုက ဆက်ရှိနေဦးမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

ဘောလ်တစ်ပင်လယ်အောက်မှာ ဂျာမနီကို ရုရှားနိုင်ငံကနေ သဘာဝဓာတ်ငွေ့ တင်ပို့နေတဲ့ Nord Stream 1 ပိုက်လိုင်းကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ပိတ်မှာဖြစ်ကြောင်း Gazprom က ပြောကြားခဲ့ပါတယ်။ 

ဒီလိုပိတ်လိုက်ခြင်းဟာ ပိုက်လိုင်းရဲ့စွမ်းဆောင်ရည်ကို ၂၀ ရာခိုင်နှုန်းလောက်သာ လည်ပတ်နေတာကြောင့် ဥရောပရဲ့သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုကို ပိုပြီး အနှောင့်အယှက် ဖြစ်စေပါတယ်။

//
Up