အသင်းတသင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် ဟာရီကိန်း စံချိန်တင်

စပါးတိုက်စစ်မှူးဟာရီကိန်းဟာ အသင်းတသင်းတည်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဟာရီကိန်းဟာ မနေ့ညက ဝုဗ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တလုံးတည်းသော အနိုင်ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း ၁၈၅ ဂိုး ပြည့်မြောက်ခဲ့ပါတယ်။
ဒီအရေအတွက်ဟာ ၁၈၄ ဂိုးနဲ့ ကလပ်တသင်းတည်းအတွက် ဂိုးအများ ဆုံးသွင်းယူနိုင် သူအဖြစ်စံချိန်တင်ထားတဲ့ စီးတီးတိုက်စစ်မှူးအဂွဲရိုးရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။
အင်္ဂလန်တိုက်စစ်မှူးဟာ ၂၀၁၄ ခုနှစ်က ဆန်းဒါးလန်အသင်းဘက်ကို ပထမဆုံးပရီးမီးယားလိဂ်ဂိုး အဖြစ်သွင်းယူခဲ့ပြီး စုစုပေါင်း ၂၈၂ ပွဲကစားအပြီးမှာ ၁၈၅ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
BT စပေါ့ရဲ့သုံးသပ်တင်ဆက်သူ ဂျိုကိုးကတော့ ဟာရီကိန်းဟာ ပရီးမီးယားလိဂ်ဂိုးအများဆုံး ကစားသမား အလန်ရှီးယားရဲ့ ဂိုး ၂၆၀ စံချိန်ကိုပါ ချိုးဖျက်လိမ့်မယ်လို့ ချီးကျူးပါတယ်။
အလန်ရှီးယားကတော့ ဆောက်သမ်တန်၊ ဘလက်ဘန်းနဲ့ နယူးကာဆယ်အသင်းသုံး သင်းမှာကစားခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၂၆၀ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။