close

အိန္ဒိယမြောက်ပိုင်းတွင် မိုးသည်းထန် တံတားပြိုကျပြီး လူ ၂ ဦးသေဆုံး

အိန္ဒိယမြောက်ပိုင်း၊ ဟိမချယ်ပရာဒေ့ရှ်ပြည်နယ်၊ ကန်ဂရာမှာ မိုးသည်းပြီး တံတားတစ်ခုပြိုကျလို့ လူနှစ်ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၂၀ ရက် မှာ ပြောခဲ့ပါတယ်။

နိုင်ငံအရှေ့ပိုင်း ဩဒိဿပြည်နယ်က ရေဘေးသင့်သူတွေဟာ ကယ်ဆယ်ရေးစခန်းတစ်ခုမှာ ခိုလှုံနေကြသလို တချို့ကတော့  ဂျာဂတ်ဆင်ပူရ်မြို့က ရေဘေးဒုက္ခသည်စခန်းတစ်ခုကိုလည်း  ကူညီပေးခဲ့ကြပါတယ်။

''ကျနော့်အိမ်က ရေမြုပ်နေပြီး အနားက လမ်းက ဒူးဆစ်အထိ ရေမြုပ်နေတယ်။ မိုးရွာလို့ ကျနော်တို့အိမ်မှာ နေလို့မရဘူး’’လို့ ရေဘေးသင့်သူတဦးကပြောပါတယ်။

ဇွန်လကနေ စက်တင်ဘာလအထိ ရာသီအလိုက် မုတ်သုံမိုးရွာလို့ တောင်အာရှဒေသမှာ နှစ်စဉ် လူသေဆုံးပြီး အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တာပါ။

ဒါပေမဲ့ မုတ်သုံမိုးဟာ အိန္ဒိယ မိုးရေချိန်ရဲ့  ၇၀ ရာခိုင်နှုန်းကျော်ကို ပေးစွမ်းပြီး လယ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်း စိုက်ပျိုးရေးလုပ်ငန်းအတွက်  အလွန်အရေးကြီးပါတယ်။ 

//
Up