close

မုန်းမြို့နယ်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံထောင်ချီထွက်ပြေး တိမ်းရှောင်

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ မုန်းမြို့နယ် ထိန်းချုပ်နယ်မြေအတွင်း ဩဂုတ် ၁၃ ရက် ဒီကနေ့မနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်တပ်တို့အကြား တိုက်ပွဲဖြစ်ပွာပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့  မနက် ၅ နာရီကျော်အချိန် မုန်းမြို့နယ်  ကနစိုးပင်ကျေးရွာအနီး KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က မနက် ၇ နာရီကျော်မှာ‌ ကနစိုးပင်ကျေးရွာအတွင်းကို ရဟတ်ယာဉ်နဲ့ လာရောက်ပတ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်မှုကြေင့် ကနစိုးပင်ကျေးရွာရှိ ရွာသူရွာသားတွေ ၁၀၀၀ ကျော်  ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကနစိုးပင်ကျေးရွာမှာ  အိမ်ခြေပေါင်း ၂၂၀၊ လူဦးရေ ၁၁၁၇ လောက် နေထိုင်ကြပြီး ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအသေးစိတ် မသိရသေးပါဘူး။

အဆိုပါကျေးရွာဟာ ကေအန်ယူထိန်းချုပ်ဒေသဖြစ်ပြီး စစ်ကောင်စီနဲ့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာဖြစ်တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

//
Up