close

ပါကစ္စတန်တွင် ရေလွှမ်းမိုးမှုကြောင့် ဇိမ်ခံဟိုတယ်တခု ပြိုကျ

ပါကစ္စတန်နိုင်ငံ ဆွက်ထ်ချိုင့်ဝှမ်းမှာ သြဂုတ် ၂၆ ရက်က ရေလွှမ်းမိုးမှုကြောင့် နာမည်ကြီး ဇိမ်ခံဟိုတယ်တခု ပြိုကျသွားပါတယ်။

ကလမ်ချိုင့်ဝှမ်းက ဆွက်ထ်မြစ်ကမ်းမှာ တည်ရှိတဲ့ New Honeymoon ဟိုတယ်ဟာ ပြိုကျမျောပါသွားတာပါ။။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ဟိုတယ်ဟာ အနီးနားရှိ တခြားအဆောက်အအုံတွေလိုပဲ ပြီးခဲ့တဲ့တရက်က ရေနစ်မြုပ်သွားခဲ့ပြီး ဧည့်သည်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တာကြောင့် အသေအပျောက် မရှိခဲ့ဘူးလို့ သိရပါတယ်။ 

ဩဂုတ် ၂၆ ရက်နှောင်းပိုင်းမှာ အရပ်ဘက်အာဏာပိုင်တွေက ပိုကြီးတဲ့ ရေကြီးရေလျှံမှု ဖြစ်လာမယ်လို့ တွက်ဆထားတာကြောင့်  ဆွက်ထ်မြစ်ကမ်းတလျှောက်က လူတွေကို နေအိမ်တွေ ကနေ ထွက်ခွာဖို့ နဲ့ လုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ပါတယ်။ 

ပါကစ္စတန်မှာ သမိုင်းဝင် မုတ်သုံမိုးရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း လူသန်း ၃၀ ကျော် ထိခိုက်ခဲ့ကြောင်း နိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

//
Up