close

ထိုင်းပေါ့ပ်အဆိုတော် လာလီဆာ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး K-Pop MTV ဆုရ

တောင်ကိုးရီးယားနိုင်ငံက ထင်ရှားကျော်ကြားတဲ့ Black Pink (YG-Family) တေးဂီတအဖွဲ့ဝင် ထိုင်းပေါ့ပ်အဆိုတော် လာလီဇာမနိုဗန်ဟာ မနေ့ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် နယူးဂျာစီမြို့မှာ ကျင်းပတဲ့ MTV Video Music Award 2022 ဆုပေးပွဲမှာ ၂၀၂၂ အတွက် K-Pop Video အကောင်းဆုံးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ 

သူ့ရဲ့ တေးသီချင်းတွေထဲက ထင်ရှားကျော်ကြားတဲ့ “Lalisa” ဆိုတာ MTV သီချင်းနဲ့ အဆိုပါဆုကို ရရှိခဲ့တာပါ။

အဆိုပါ MTV ထဲမှာ သူဟာ လှပတဲ့ကကွက်တွေနဲ့အတူ ထိုင်းယဉ်ကျေးမှုဆန်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဇာတိမြေ ဘူရီရမ်ခရိုင်က အထင်ကရနေရာတွေမှာပါ နောက်ခံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဗွီဒီယိုကို ယူကျုပေါ်မှာ တင်လိုက်တဲ့အခါ ၂၄ နာရီအတွင်း ဝင်ကြည့်တဲ့ အကြိမ်ပေါင်း ၇၃ သန်းရှိသွားခဲ့ပါတယ်။ 

ဆုတက်ယူစဉ် သူက အင်္ဂလိပ်၊ ကိုးရီးယား၊ ထိုင်း စတဲ့ ဘာသာစကား ၃ မျိုးနဲ့ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့နဲ့ တွဲဘက်သူငယ်ချင်းကောင်း ၃ ယောက် အပါအဝင် သူ့ကိုအားပေးတဲ့ နိုင်ငံတကာက ပရိဿတ်တွေကိုပါ ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။

လာလီဆာဟာ ကမ္ဘာ့ K-Pop/ hip hop/ dance pop လောကမှာ ထိုင်းအမျိုးသမီးတစ်ယောက်အနေနဲ့ ပထမဆုံး အကောင်းဆုံးဆုရ မိန်းကလေးတစ်ဦး ဖြစ်တာကြောင့် ထိုင်းနိုင်ငံ့ဂုဏ်ဆောင်အမျိုးသမီးတစ်ဦးလည်း ဖြစ်သွားပါတယ်။ 

လာလီဆာဟာ လက်ရှိအသက် ၂၅ နှစ်ရွယ်ဖြစ်ပြီး မူလတန်းကျောင်းသူ အရွယ်ကတည်းက အကပညာ စိတ်ဝင်စားကာ ကျောင်းကပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့ထူးချွန်မှုကြောင့် အသက် ၁၄ နှစ်မှာ တောင်ကိုးရီးယားနိုင်ငံက ထင်ရှားတဲ့ Black pink (Y-G Family) တေးဂီတအဖွဲ့ထဲ ပါဝင်ခွင့်ရပြီး ခေတ်ပေါ်ပေါ့ပ်နဲ့ ဟစ်ဟော့ပ် အဆို အကပညာ လေ့လာသင်ကြားခွင့်တွေ ရရှိခဲ့တာပါ။

Photo- PPTV

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up