close

ချီလီတွင် ဆန္ဒပြကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့ရဲ့ လမ်းတွေပေါ်မှာ စက်တင်ဘာ ၁ ရက်က  ဆန္ဒပြနေကြတဲ့ အထက်တန်းကျောင်းသားတွေနဲ့  အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။ 

ကျောင်းသားတွေဟာ ဆန်တီယာဂိုမြို့လယ်ရှိ လမ်းတွေတလျှောက် ချီတက်ခဲ့ကြပြီး အခမဲ့ သယ်ယူပို့ဆောင်ရေး၊ ပြည့်စုံတဲ့ လိင်ပညာပေးမှု၊ နည်းပညာအထက်တန်းကျောင်းတွေမှာ အလုပ်သင် အာမခံချက်တွေနဲ့ အဆင့်မြင့်ပညာရေး အဆင့်အားလုံးကို လူတိုင်းဝင်ရောက်ခွင့် တောင်းဆိုခဲ့ကြပါတယ်။ 

ဆန္ဒပြကျောင်းသားတွေကို လူစုခွဲဖို့ မီးသတ်ပိုက်တွေကို အသုံးပြုခဲ့ပြီး ဆန္ဒပြသူတွေဘက်ကလည်း မိုလိုတော့ဗ် ကော့တေးလ်တွေ ပစ်ပေါက်ပြီး တုံ့ပြန်ကြပါတယ်။ 

ဆန်တီယာဂို မြူနီစပယ်က ဖြန့်ဝေတဲ့ ရုပ်သံဗီဒီယိုတစ်ခုမှာ ဟူဒီခေါင်းစွပ်အင်္ကျီဝတ် ဆန္ဒပြသူတွေဟာ ဆန္ဒပြပွဲအတွင်း ချီလီအလံကို မီးရှို့ခဲ့တာ မြင်တွေ့ရပါတယ်။ 

ဒီဆန္ဒပြမှုဟာ စက်တင်ဘာ ၄ ရက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို အတည်ပြုဖို့ သို့မဟုတ် ပယ်ချဖို့ ချီလီနိုင်ငံသားတွေ မဲမခွဲခင် ၃ ရက်အလိုမှာ ဖြစ်ပွားခဲ့တာပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up