close

ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်များ ဖမ်းဆီးခံရသဖြင့် MPCT အဖွဲ့ ဖျက်သိမ်း

Mandalar Pintagon Combat Troop (MPCT) အဖွဲ့က အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတဲ့အတွက် စက်တင်ဘာ ၆ ရက်နေ့ ဒီနေ့မှာ အဖွဲ့ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ပါတယ်။

“အချိန်မတိုင်ခင် နိုင်ငံရေးမှ နုတ်ထွက်သည့်အတွက် ပြည်သူများအားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။” လို့ MPCT အဖွဲ့ က ဆိုပါတယ်။

Mandalar Pintagon Combat Troop (MPCT) အဖွဲ့က အဖွဲ့ခေါင်းဆောင် ကျော်လင်းအောင်၊ အဖွဲ့ဝင်တွေဖြစ်တဲ့ မျိုးဇော်ထွန်း၊ သီဟကျော် (ခ) ဂတုံးတို့ ၃ ဦးကို ၅.၅၆ ကျည် ၅၀ တောင့်နဲ့အတူ စက်တင်ဘာ ၃ ရက်နေ့က စစ်ကိုင်းမြို့ စစ်ကိုင်း မင်းကွန်းသွား ကားလမ်းရှိ လက်ဖက်ရည်ဆိုင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင် အဖွဲ့ဝင် သိန်းသန်းစိုးကိုလည်း စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း- မင်းကွန်း ကားလမ်းပေါ်မှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၃၁ ရက်နေ့ကလည်း King Cobra Guerrilla Force Mandalay မြို့ပြကာကွယ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up