close

မြောက်ကိုရီးယားက နျူထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်ပုံများပါသည့် ပိုစတာ ဖြန့်ချိဝါဒဖြန့်

မြောက်ကိုရီးယားအစိုးရဟာ နျူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်တွေရဲ့ပုံတွေ ပါတဲ့ ဝါဒဖြန့်ချိရေး ပိုစတာ အသစ်တွေကို ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၁၃ ရက်မှာ ဖော်ပြလိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ အခုနှစ်တွေအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားမူဝါဒကို ပြီးခဲ့တဲ့သီတင်းပတ်က ဥပဒေထဲမှာပါ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က နိုင်ငံပိုင်ရုပ်မြင်သံကြား KRT ကနေ ထုတ်လွှင့်တဲ့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ မူဝါဒမိန့်ခွန်းထဲမှာ ဖော်ပြထားတဲ့ ပန်းတိုင်ကို အကောင်အထည်ဖော်တာလည်း ဖြစ်ပါတယ်။

နိုင်ငံသားတွေကို အားပေးဖို့ တိုက်ချင်းပစ် ပဲ့ထိန်း တာဝေးဒုံးကျည် (ICBMs) တွေ အပါအဝင် နိုင်ငံပိုင် နောက်ဆုံးပေါ်ဒုံးကျည်တွေပါတဲ့ ပိုစတာနှစ်ချပ်ကို နိုင်ငံပိုင်ရုပ်သံ KRT က ပြသခဲ့ပါတယ်။

နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲတွေကို တားမြစ်ထားတယ်၊ ဥပဒေအသစ်ထဲမှာ မြောက်ကိုရီးယားဟာ ကိုယ့်ကိုယ်ကို ကြိုတင်ကာကွယ်ဖို့ နျူကလီးယားနဲ့ တိုက်ခိုက်တဲ့နည်းကို သုံးဖို့ အခွင့်အရေးရှိတယ်လို့ ပြဋ္ဌာန်းထားတယ်၊ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယား အဆင့်အတန်းကို ပြောင်းပြန်လှန်လို့ မရဘူးလို့ ကင်မ်က ပြောထားတယ်လို့လည်း နိုင်ငံပိုင်မီဒီယာ KRT က စက်တင်ဘာ ၉ ရက်မှာ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားကို ခြေရာခံတဲ့ ဝက်ဘ်ဆိုက် NK News ရဲ့ ဖော်ပြချက်အရ ငါးနှစ်လောက်အတွင်း နျူကလီးယားလက်နက်တွေပါတဲ့ ပိုစတာအသစ်တွေ ထွက်ပေါ်လာတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up