ကျောက်ဖရားမြစ်တလျှောက်နေသူများကို ရေကြီးရေလျှံမှု သတိပေးချက် ထုတ်ပြန်

ထိုင်းနိုင်ငံမှာ မကြာသေးမီရက်များအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြားမှာ ရေကြီးရေလျှံမှုတွေအတွက် ပြင်ဆင်ထားနိုင်ဖို့ ကျောက်ဖရားမြစ်တလျှောက် နေထိုင်သူတွေကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၁၄ ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
တန်ပြန်ဆောင်ရွက်မှုအနေနဲ့ ကျောက်ဖရားဆည်မှတဆင့် စွန့်ထုတ်တဲ့ ရေပမာဏကို တိုးမြင့်လာ စေဖို့ ရေတံခါးတွေကို ဖွင့်လှစ်ပေးခဲ့ကြောင်း ထိုင်းတော်ဝင် ဆည်မြောင်းဌာနက ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်က စတင်ပြီး ဆည်အတွင်းကို စီးဝင်တဲ့ ရေပမာဏဟာ တစ်စက္ကန့်ကို ကုဗမီတာ ၁၈၀၀ ကနေ အကြမ်းဖျင်း တစ်စက္ကန့်ကို ၂၀၀၀ ကုဗမီတာအထိ တိုးလာခဲ့ပါတယ်။
အဲဒီနောက် မြစ်အောက်ပိုင်းဒေသရှိ ရေမျက်နှာပြင်ဟာ ၄၀ စင်တီမီတာကနေ ၆၀ စင်တီမီတာ အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ မုတ်သုံရာသီအစကတည်းက ထိုင်းနိုင်ငံရှိ ပြည်နယ် ၂၁ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။