နေရာအတော်များများတွင် ယူကရိန်းတပ်များကို တိုက်ခိုက်ခဲ့ဟု ရုရှားပြော

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ နေရာအတော်များများမှာ ယူကရိန်းတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေး စက်ရုံနားမှာ ပစ်ခတ်ခဲ့တယ်လို့လည်း ယူကရိန်းအစိုးရကို စွပ်စွဲခဲ့ပါတယ်။
ရုရှားတပ်တွေဟာ ခါဆွန်၊ မိုင်ကိုလေ့ဗ်၊ ခါကိဗ်နဲ့ ဒန်ညက်စ် ဒေသတွေမှာ တိုက်ခိုက်ခဲ့ပြီး ခါဆွန်မြို့နားက ပရာ့ဗ်ဒီနေမြို့နားမှာ ယူကရိန်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်ပေမယ့် မအောင်မြင်ခဲ့ ဘူးလို့ ရုရှားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဥရောပရဲ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ ဇာပိုရစ်ချ်ဇီယာရဲ့ ဓာတ်ရောင်ခြည်ပမာဏဟာ ပုံမှန်အတိုင်းရှိနေဆဲပဲ၊ စနေနေ့က စက်ရုံနားမှာ ယူကရိန်းရဲ့ ပစ်ခတ်မှု ဖြစ်စဉ် နှစ်ခုကို မှတ်တမ်းတင်ခဲ့တယ်လို့ ရုရှာဝန်ကြီးဌာနက ပြောပါတယ်။
ဒီစွဲချက်ကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ငြင်းပါတယ်။ ဒီစက်ရုံကို ပစ်ခတ်တယ်လို့ ရုရှားနဲ့ ယူကရိန်းတို့ အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။ စစ်မြေပြင်သတင်းများကို ချက်ချင်းအတည်မပြုနိုင်သေးပါဘူး။