close

ရုရှားမှပေးပို့သည့် အမိုးနီးယားပိုက်လိုင်း ပြန်ဖွင့်ရေး ကုလသမဂ္ဂနှင့် ယူကရိန်း ဆွေး‌နွေး

ရုရှားကနေ ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းဖြစ်တဲ့ ဩဒက်ဆာဆိပ်ကမ်းဆီကို အမိုးနီးယားပိုက်လိုင်း ပြန်လည်ဖွင့်လှစ်ရေး ကုလသမဂ္ဂနဲ့ စတင် ဆွေးနွေးခဲ့တယ်လို့  ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၁၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။

“ယူကရိန်းက ဒီဆွေးနွေးပွဲတွေကို စတာမဟုတ်ဘူး၊ ဒါဟာ ကုလသမဂ္ဂရဲ့ အစပျိုးမှုတခုပါ” လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ကူလေဘာက ဩဒက်ဆာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကရိန်းက သူ့ရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ဆန့်ကျင်တဲ့ ဘယ်သဘောတူညီချက်ကိုမှ အတည်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ပိုက်လိုင်းဟာ ရုရှားနိုင်ငံ ဗော်လ်ဂါဒေသကနေ ယူကရိန်းနိုင်ငံ ဩဒက်ဆာဒေသနားက ယုရှ်နီလို့ ဒေသအတွင်း ပင်လယ်နက်ဆိပ်ကမ်းဖြစ်တဲ့ ပစ်ဗ်ဒန်နီ ဆိပ်ကမ်းဆီကို တနှစ်ကို အမိုးနီးယားတန်ချိန် ၂ ဒသမ ၅ သန်းအထိ စုပ်ယူပေးပို့ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။

ရုရှားက သူ့တပ်တွေ ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်က စေလွှတ်ပြီးတဲ့နောက် ပိုက်လိုင်းကို ပိတ်ပစ်ခဲ့ပါတယ်။

ပိုက်လိုင်းရဲ့ တစိတ်တပိုင်းဟာ ယူကရိန်းမှာရှိတဲ့ ပုံမှန်အမြောက်ကျည်တွေနဲ့ ပစ်ခတ်နေတဲ့ မိုင်ကိုလေ့ဗ်ဒေသကို ဖြတ်ပြီး သွယ်တန်းထားပေမဲ့ ဒီနေ့အထိ မပျက်စီးအောင် ရှောင်ရှားနိုင်ပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့ဟာ ကမ္ဘာလုံးဆိုင်ရာ ဆန်စပါးနဲ့ ဓာတ်မြေသြဇာတွေကို အဓိက တင်ပို့ရောင်းချသူတွေပါ။

ရုရှားနဲ့ ယူကရိန်း စစ်ပွဲကြောင့် ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ရုရှားနဲ့ ယူကရိန်း တင်ပို့မှုဆိုင်ရာ သဘောတူညီချက် လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up