close

စပါးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့်အသင်းဖြစ်ဟု လူရိုဒရီပြော

မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ဘက်အဖြစ် စပါးအသင်းက စိန်ခေါ်သူဖြစ်လာနိုင်တယ်လို့ ကွင်းလယ်လူရိုဒရီက သုံးသပ်ပြောပါတယ်။

စပါးအသင်းဟာ အတွေ့အကြုံရှိနည်းပြ ကွန်တီလက်ထက်မှာ တိုးတက်လာပြီး ကစားသမားကောင်းတွေလည်း ရှိတာကြောင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်ကြောင်း ရိုဒရီက သုံးသပ်ပါတယ်။

“စပါးက စည်းလုံးမှုရှိတဲ့ အသင်းကောင်း တစ်သင်းဖြစ်သလို ဘယ်လိုကစားရမလဲဆိုတာ ရှင်းရှင်းလင်းလင်းသိတဲ့ နည်းပြလည်းရှိတယ်။ စပါးအသင်းကို ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းလို့ ကျနော်မြင်ပါတယ်”လို့ အီတလီသတင်းစာ ဂါဇက်တာဒယ်လိုစပေါ့နဲ့ အင်တာဗျူးမှာပြောပါတယ်။

စပါးနဲ့ မန်စီးတီးအသင်းတို့ဟာ လိဂ် ၇ ပွဲ ကစားအပြီးမှာ ၅ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ်တွေနဲ့ အမှတ်ပေးဇယားအဆင့် ၂ ၊ ၃ နေရာတွေမှာ ရပ်တည်နေပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up