close

အမေရိကန် ထိန်းချုပ်ထားသည့် အာဖဂန်ပိုင်ဆိုင်မှုများ ပြန်ပေးရန် တောင်းဆို

အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်က ထိန်းချုပ်သိမ်းဆည်းထားတာဟာ နိုင်ငံတကာဥပဒေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ဘာအကြောင်းပြချက်နဲ့မှ တရားမျှတမှုမရှိကြောင်း အာဖဂန်ကြားဖြတ်အစိုးရ တာဝန်ရှိသူတယောက်က စက်တင်ဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ သိမ်းပိုက်ပြီးနောက်မှာ အမေရိကန်က အာဖဂန်ဗဟိုဘဏ်က ပိုင်ဆိုင်တဲ့ ဒေါ်လာ ၇ ဘီလီယံ တန်ဖိုးရှိတဲ့ နိုင်ငံခြား အရန်ငွေတွေကို ထိန်းချုပ်ခဲ့ပြီး ဒီလုပ်ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ခဲ့ပါတယ်။

တရုတ်ဗဟိုရုပ်မြင်သံကြား CCTV နဲ့ သီးသန့်အင်တာဗျူးမှာ အာဖဂန်ကြားဖြတ်အစိုးရရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဘီလာလ် ကာရီမီက ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုအားလုံးကို အာဖဂန်နစ္စတန်ကို ပြန်ပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ပိုင်ဆိုင်မှုတွေဟာ အာဖဂန်နစ္စတန်ရဲ့ တရားဝင်အခွင့်အရေး ဖြစ်တာကြောင့် ဘာအကြောင်းပြချက်မှမပေးဘဲ အာဖဂန်ကို ပြန်အပ်နှံရမှာဖြစ်ကြောင်းနဲ့ အာဖဂန်နစ္စတန်ရဲ့ ငွေကြေးနဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် အလွန်အရေးကြီးပါတယ်လို့ ကာရီမီက ပြောပါတယ်။

ဆောင်းရာသီ နီးလာတာနဲ့အမျှ နိုင်ငံဟာ ဆိုးရွားတဲ့ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရကြောင်း သူက မှတ်ချက်ပြု ပြောကြားပါတယ်။

အာဖဂန်နစ္စတန်ရဲ့ ပြန်လည်တည်ဆောက်ရေးနဲ့ အသက်မွေးဝမ်းကျောင်း တိုးတက်မှုအတွက် အမှန်တကယ် အထောက်အကူ ဖြစ်နိုင်တာကြောင့် အမေရိကန်ကနေ ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို အရမ်းလိုအပ်နေကြောင်း သူက ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up