close

အမေရိကန်နှင့် ဗြိတိန် နျူကလီးယားမပြန့်ပွားရေးစံနှုန်း ချိုးဖောက်နေဟု တရုတ်မီဒီယာ ထုတ်လွှင့်

အမေရိကန်နဲ့ ဗြိတိန်က နျူကလီးယားဆိုင်ရာ ပစ္စည်းတွေကို သြစတြေးလျနိုင်ငံဆီ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူညီချက် (AUKUS) ဟာ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား မပြန့်ပွားရေး စံနှုန်းတွေကို တိုက်ရိုက်ချိုးဖောက်နေတာဖြစ်တယ်လို့ တရုတ်မီဒီယာမှာ ဖော်ပြပါတယ်။

အွန်လိုင်းကနေ ကောက်ခံထားတဲ့ လူမှုမီဒီယာစစ်တမ်းကို ကိုးကားပြီး  တရုတ်အစိုးရ သတင်းဌာန China Global Television Network (CGTN) က အခုလို ထုတ်လွှင့်သွားတာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က အုပ်ချုပ်ရေးမှူးတွေရဲ့ ဘုတ်အဖွဲ့ဟာ တရုတ်နိုင်ငံနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ တောင်းဆိုချက်အရ သုံးနိုင်ငံ သဘောတူညီချက်ကို ကိုင်တွယ်ဖြေရှင်းပြီးတဲ့နောက် ရက်ပိုင်းအတွင်း ခုလို စစ်တမ်းကို ထုတ်ပြန်ခဲ့တာပါ။

AUKUS သဘောတူညီချက်အရ အမေရိကန်နဲ့ ဗြိတိန်က သြစတြေးလျကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေရအောင် ကူညီမှာဖြစ်ပြီး နျူကလီးယား လက်နက်ပိုင်ရှင် အင်အားကြီးနှစ်နိုင်ငံကနေ နျူကလီးယား လက်နက်ပိုင်ရှင်မဟုတ်တဲ့ နိုင်ငံဆီကို လက်နက်အဆင့် ယူရေနီယံ လွှဲပြောင်းမှုလည်း ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုမီဒီယာပလက်ဖောင်းကတဆင့် အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရဗီ၊ ရုရှားဘာသာစကားတွေနဲ့ ကောက်ယူထားတဲ့ ဒီစစ်တမ်းဟာ အင်တာနက်အသုံးပြုသူ အယောက် ၈၀,၀၀၀ နီးပါးဆီကနေ တုံ့ပြန်မှုတွေ ရရှိခဲ့တယ်လို့ CGTN သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up