လန်ဒန်စက်မှုဇုန်ရှိ ကုန်လှောင်ရုံမီးလောင်

ဗြိတိန်နိုင်ငံ လန်ဒန်အရှေ့ပိုင်းစက်မှုဇုန်က ကုန်လှောင်ရုံ အများအပြား စက်တင်ဘာ ၂၂ ရက်က မီးလောင်ခဲ့လို့ မီးသတ်ကား အစီး ၂၀ နဲ့ မီးသတ်သမား ၁၂၅ ယောက်လောက် ကြိုးစား ငြှိမ်းသတ်ခဲ့ရပါတယ်။
ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ရုပ်သံဗီဒီယိုမှာတော့ မီးသတ်သမားတွေက ဂိုဒေါင်ရဲ့ အပေါ်ဆုံးထပ်မှာ မီးကို ထိန်းထားနိုင်ခဲ့တာ တွေ့ရပါတယ်။
မီးတောက်နဲ့ လိမ္မော်ရောင် မီးခိုးလုံးကြီးတွေကို အနီးနားက လူနေအဆောက်အအုံ တွေပေါ်ကနေ မြင်ရပါတယ်။
ဟိုင်းနော့ထ် စီးပွားရေးဥယျာဉ်မှာရှိတဲ့ ဂိုဒေါင်အများအပြားမှာ မီးသတ်သမားတွေဟာ ညလုံးပေါက် မီးငြှိမ်းသတ်နေကြပြီး အခြေအနေ တည်ငြိမ်နေဆဲလို့ လန်ဒန်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ရပ်ကွက်အတွင်း မီးခိုးငွေ့တွေ အူထွက်နေပြီး လမ်းတွေပိတ်နေလို့ တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားဖို့ ဒေသခံတွေက အကြံပြုထားပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။