close

ပဲခူမြို့နယ် ညောင်အင်းစက်မှုစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံ မီးလောင်

ပဲခူးမြို့ ညောင်အင်းစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံမှာ စက်တင်ဘာ ၁၁ ရက်နေ့ ဆယ်နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ မနက်ဆယ်နာရီခွဲက ညောင်အင်းစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံ မီးလောင်ကျွမ်းခဲ့ရာ level 2 အဆင့်ရှိပြီး နာရီဝက်ကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို့ စက်မှုဇုန်အနီး နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကံကောင်းတာ အလုပ်ပိတ်ရက်ဖြစ်နေလို့ နောက်မို့ဆို မတွေးရဲဘူး။ ဝါယာရှော့ဖြစ်တယ်လည်း ပြောတယ်၊ အပူလွန်ကဲပြီး လောင်တယ်လည်းပြောတယ်၊ သေချာတော့ မသိဘူး။ နာရီဝက်နီးပါး ကြာတယ်။" 

မီးလောင်မှုကို တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ သနပ်ပင်မြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်ယာဥ် ခုနှစ်စီးနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက  ပြောပါတယ်။

"ဆယ်နာရီခွဲမှာ လောင်တယ်၊ ဆယ်တနာရီမှာ မီးငြိမ်းပါတယ်။ မီးလောင်တဲ့အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကို တွက်နေပါတယ် လက်တလောမသိရပါဘူး။" 

လက်တလောမှာ စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနနဲ့ရဲတွေဟာ Melody Global ဖိနပ်စက်ရုံက တာဝန်ခံတွေကို မီးလောင်မှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတယ်လို့ ညောင်အင်းစက်မှုဇုန်မှာ နေထိုင်သူတွေက ပြောပါတယ်။

ညောင်အင်းစက်မှုဇုန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် မနက်ဆယ်နာရီကလည်း   အမှိုက်ပုံကနေ မီးလောင်မှုဖြစ်ခဲ့ရာ နာရီဝက်နီးပါးကြာမြင့်ပြီး မီးသတ်ယာဥ်ငါးစီးနဲ့ ငြှိမ်းသတ်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up