close

တရုတ်ရေနံဓာတုသန့်စင်စက်ရုံ အောက်တိုဘာလကုန် စတင်လည်ပတ်မည်

တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးတဲ့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်ဟာ ရေနံဓာတု သန့်စင်စက်ရုံစီမံကိန်းကို စတင်လည်ပတ်ဖို့ ပြင်ဆင်နေပါတယ်။ 

စက်ရုံဟာ ဧရိယာ ၉၂၀ ဟက်တာ ကျယ်ဝန်းပြီး နှစ်စဉ် ရေနံတန်ချိန် သန်း ၂၀၊ ဟိုက်ဒရိုကာဗွန် တန်ချိန် ၂ ဒသမ ၆ သန်းနဲ့  အီသလင်း တန်ချိန် ၁ ဒသမ ၂ သန်းတို့ ပါဝင်ထုတ်လုပ်မှုအတွက် ပြင်ဆင်တဲ့အဆင့်ကို ရောက်နေပါပြီ။ 

ကမ္ဘာ့ထိပ်တန်းနည်းပညာတွေကို သုံးထားတဲ့ ဒီစက်ရုံ စီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ အကြီးစားရေနံ ချက်လုပ်တဲ့တစ်ခုတည်းသော အခြေစိုက်စက်ရုံဖြစ်တယ်လို့ CNPC ရဲ့ ကွမ်တုံ ရေနံဓာတုဌာနခွဲက အင်ဂျင်နီယာချုပ် ဟွာရှောင်ဘင်က ပြောပါတယ်။ 

၂၀၁၈ နှစ်ကုန်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်မှာ ထုတ်လုပ်မယ့် ဒီစက်ရုံဟာ နှစ်စဉ် ရောင်းရငွေ ယွမ် ၈၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံခန့်) လောက်နဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up