close

တော်လှန်ကဗျာများ ရေးသားခဲ့သည့် ကဗျာဆရာကြည်ဇော်အေးဈာပန ကျင်းပ

တော်လှန်ကဗျာတွေ ရေးသားခဲ့တဲ့ ကွယ်လွန်သူ ကဗျာဆရာ ကြည်ဇော်အေးရဲ့ ဈာပနအခမ်းအနားကို  ဒီကနေ့ အောက်တိုဘာ ၅ ရက်မနက်က ရန်ကုန်မြို့ရှိ ရေးဝေးသုသာန်မှာကျင်းပပြီး  မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ခေတ်ပေါ်ကဗျာတွေရေးရာမှာ လူသိများထင်ရှားတဲ့ ကဗျာဆရာ တစ်ဦးဖြစ်တဲ့ ကြည်ဇော်အေးဟာ အောက်တိုဘာ ၃ ရက်မနက်က ဦးနှောက်သွေးကြောပေါက်ပြီး  ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ဈာပနကို စျာပနကို မြန်မာကဗျာအသိုင်းအဝန်း စုံစုံလင်လင်တက်ရောက်ခဲ့ကြပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိ ကဗျာဆရာကြည်ဇော်အေးရဲ့ မြန်မာကဗျာတွေကို အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်ဘာသာသို့လည်း ပြန်ဆိုဖော်ပြခဲ့ကြပါတယ်။

မြန်မာကဗျာလောကကို ၂၀၀၀ ပြည့်နှစ်မှာ စတင်ဝင်ရောက်ခဲ့တဲ့ ကဗျာဆရာ ကြည်ဇော်အေးဟာ  ၂၀၀၃ ခုနှစ်မှစတင်ကာ နှစ်ငါးဆယ် ကဗျာစာအုပ်နဲ့ ပျဥ်းမနားအလယ်ရိုးမကဗျာစာပေဆု၊ မောင်ချောနွယ်ကဗျာဆု၊ ကဗျာချစ်သူ လူငယ်ကဗျာဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

သူ ရေးခဲ့တဲ့ကဗျာတွေထဲက နှစ်ငါးဆယ်၊ ငါ့နာမည်ဂုဏ်သရေရှိ၊ တော်လှန်ရေးသမားတစ်ယောက်ရဲ့  အတ္ထုပတ္တိ ကဗျာတို့က ထင်ရှားကျော်ကြားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up