close

ဆေးပညာဆိုင်ရာနိုဘယ်လ်ဆုကို ဆွီဒင် မျိုးရိုးဗီဇပညာရှင်ရရှိ

သိပ္ပံပညာလောကမှာ အကျော်ကြားဆုံးဖြစ်တဲ့ ဇီဝကမ္မဗေဒ ဒါမှမဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို  ဆွီဒင်မျိုးရိုးဗီဇပညာရှင် စဗန်တေပါဘူးက ရရှိခဲ့ပါတယ်။

ဆွီဒင်နိုင်ငံ ကာရိုလင်စကာ တက္ကသိုလ်က ချီးမြှင့်တဲ့ နိုဘယ်ဆုဖြစ်ပြီး ဆုကြေး ဆွီဒင်ငွေ ခရောင်း ၁၀ သန်း (ဒေါ်လာ ၉၀၀,၃၅၇) တန်ဖိုးရှိပါတယ်။ ဒီဆုဟာ ဒီနှစ်အတွက်ပေးတဲ့ နိုဘယ်ဆုတွေထဲမှာ ပထမဆုံး ပေးတဲ့ဆုပါ။

မျိုးသုဉ်းလုနီးပါး hominins မျိုးရိုးဗီဇတွေနဲ့ လူသားဆင့်ကဲဖြစ်စဉ်များဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေအတွက် ဆုပေးရေးကော်မတီက ၂၀၂၂ ခုနှစ်အတွက် နိုဘယ်လ်ဆုကို ရွေးချယ် ပေးအပ်ခဲ့တာပါ။

နိုဘယ်ဆုရ ဇီဝဓာတုဗေဒပညာရှင် ဆွန်းဘာ့ဂ်စထရောင်းမ်ရဲ့ သားဖြစ်သူ ပါဘူးဟာ ရှေးဟောင်းသုတေသနနဲ့ သဏ္ဌာန်ဗေဒဆိုင်ရာ အကြွင်းအကျန်တွေကနေ မျိုးဗီဇ DNA အပိုင်းတွေကို စစ်ဆေးဖို့ ချဉ်းကပ်ပြီးတဲ့နောက် လူသားတွေရဲ့ မူလဇာစ်မြစ်ကို လေ့လာမှုအဖြစ် ပြောင်းလဲခဲ့လို့ ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။

သူ့ရဲ့ အဓိကအောင်မြင်မှုတွေထဲမှာ မျိုးသုဉ်းသွားတဲ့လူတွေနဲ့ ခေတ်သစ်လူသားတွေကြားက ဆက်စပ်မှုကို ဖော်ပြဖို့ ရေခဲခေတ်က မျိုးသုဉ်းသွားတဲ့ လူသားမျိုးစိတ် နီယံဒါသယ်ရဲ့ ဂျီနိုမ် တခုလုံးကို စိစစ်မှုလည်း ပါပါတယ်။

ဆိုက်ဘေးရီးယားမှာ ရှာတွေ့ခဲ့တဲ့ နှစ် ၄၀,၀၀၀ သက်တမ်းရှိတဲ့ လက်ချောင်းအရိုးအပိုင်းအစ တခုကနေ ဒင်းနစ်ဆိုဗန်လို့ခေါ်တဲ့ အရင်က အမည်မသိ လူသားမျိုးစိတ်တခု ရှိကြောင်းကိုလည်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

ဆွီဒင်နိုင်ငံက ဒိုင်းနမိုက်တီထွင်သူနဲ့ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင် အဲလ်ဖရက် နိုဘယ်ရဲ့ ဆန္ဒနဲ့ ဖန်တီးခဲ့တဲ့ သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ထူးချွန်ဆုတွေကို ၁၉၀၁ ခုနှစ်ကစပြီး ချီးမြှင့်ခဲ့တာပါ။

စီးပွားရေးဆိုင်ရာဆုတွေကိုတော့ နောက်ပိုင်းမှာ အပိုထပ်ဆောင်းထည့်တဲ့ ဆုတွေအဖြစ် ချီးမြှင့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up