မာစီယယ်ဒဏ်ရာရခဲ့တာက အသင်းကိုထိခိုက်စေခဲ့ဟု မန်ယူနည်းပြသုံးသပ်

တိုက်စစ်မှူးမာစီယယ်ဒဏ်ရာရခဲ့တာက အသင်းရဲ့ခြေစွမ်းအပေါ် ထိခိုက်မှုတွေရှိခဲ့ကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
မာစီယယ်ဟာ ရာသီကြိုခြေစမ်းခရီးစဉ်တွေမှာကတည်းက ဒဏ်ရာရခဲ့လို့ ၂ လလောက် အနားယူခဲ့ရသူပါ။
ရာသီကြိုခြေစမ်းခရီးစဉ်အတွင်းမှာ မာစီယယ်ပူးပေါင်းနိုင်ခဲ့ပေမဲ့ ဒဏ်ရာရသွားခဲ့တာက အလွန်စိတ်ပျက်စရာဖြစ်ခဲ့ပြီး အသင်းရဲ့စွမ်းဆောင်ရည်ကိုလည်း သက်ရောက်မှုရှိစေခဲ့တယ်လို့ နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်က လီဗာပူးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရပြီး နောက်ပိုင်း ပထမဆုံးအကြိမ်ပြန် ကစားခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။
အဲဒီနောက် ဒဏ်ရာပြဿနာပြန်ဖြစ်ခဲ့လို့ အနားယူခဲ့ရပြီး အောက်တိုဘာ ၂ ရက်က မန်စီးတီးနဲ့ပွဲစဉ်မှာ ပြန်လည်ကစားနိုင်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ မာစီယယ်က ၂ ဂိုးသွင်းခဲ့ပြီး ပြိုင်ပွဲစုံ ၃ ပွဲမှာ ၃ ဂိုးသွင်း ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။