close

မန်စီးတီးနှင့် လီဗာပူး ကျဆုံးချိန်ရောက်လာဦးမည်ဟု မန်ယူနည်းပြ တန်ဟတ်ဂ် သုံးသပ်

မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ လက်ရှိအချိန်မှာ ပုံစံကောင်းရနေပေမယ့် တချိန်မှာ ကျဆုံးချိန် ရောက်ရှိလာဦးမယ်လို့ မန်ယူနည်းပြသစ် အဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။ 

တန်ဟတ်ဂ်ဟာ ယူနိုက်တက်နည်းပြချုပ်အနေနဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ကို ချီးကျူးခဲ့ပေမယ့် မန်ယူအသင်းက ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ 

“လက်ရှိအချိန်မှာ မန်စီးတီးနဲ့ လီဗာပူးနှစ်သင်းစလုံးကို ချီးကျူးချင်ပါတယ်။ သူတို့နှစ်သင်းက ဘောလုံးကို အကောင်းဆုံးကစားနေတယ်။ ဒါပေမဲ့ ဘောလုံးမှာတော့ သူတို့ရဲ့အချိန်တွေဟာ တချိန်မှာ အဆုံးသတ်ရစမြဲပါပဲ။ သူတို့နဲ့အတူ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး တခြား အသင်းတွေကလည်း အဲဒီလိုလုပ်ဆောင်ချင်မယ်ဆိုတာ သေချာပါတယ်။ ဒါက စွန့်စားမှုတခုလို့တော့ မထင်ဘူး။ ယူနိုက်တက်က ခမ်းနားလှတဲ့ သမိုင်းကောင်းရှိပြီး ဒီအသင်းက လူတွေနဲ့အတူ အနာဂတ်ကိုပုံဖော်ဖို့အတွက် စိတ်လှုပ်ရှားမိပါတယ်” လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။ 

ဆက်လက်ပြီး နောက်ခံလူ မက်ဂွိုင်းယားဟာ  အကောင်းဆုံးစွမ်းဆောင်ရည် ထုတ်ပြနိုင်ခဲ့ပြီးသား ကစားသမားဖြစ်လို့ လက်တွဲပြီးလုပ်ဆောင်သွားမယ်လို့ မှတ်ချက်ပေးသွားပါတယ်။

//
Up