close

ထီးလင်းမြို့နယ်က သရခါရွာကို စစ်ကောင်စီတပ် မီးရှို့

မကွေးတိုင်း ထီးလင်းမြို့နယ်၊ သရခါရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ် ၆ လုံးကို မီးရှို့ကာ ရွာတွင်းရှိ နေအိမ်တွေက ပစ္စည်းတွေကို မွှေနှောက်ခိုးယူကြပြီး မနက် ၉ နာရီလောက်မှာ ထီးလင်းမြို့ဘက်ကို ပြန်သွားခဲကြတယ်လို့ ဆိုပါတယ်။

အဆိုပါ သရခါကျေးရွာမှာ ဒေသခံလူနေအိမ် ၁၃၀  ဝန်းကျင်ရှိပြီး လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်တယ်လို့ သိရပါတယ်။

ထီးလင်းနယ်ကဒေသခံ တဦးက "မနေ့ကစပြီး စစ်ကြောင်းဝင်တာ။ ဒီနေ့မနက်ပိုင်းမှာ စစ်ကြောင်းပြန်လည်ထွက်ချိန်မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားကြတာ။ ဒေသခံတွေကတော့ ပြေးနေကြရတယ်။ တချို့‌တော့ ရွာထဲ ပြန်ဝင်ကြပါပြီ။ တချို့ကတော့ မပြန်ရဲကြသေးဘူး။ မီးလောင်တဲ့အိမ်တွေကို Ydf ထီးလင်း နဲ့ Pdfထီးလင်းက ပူးပေါင်းပြီး မီးငြှိမ်းပေး ခဲ့ကြတယ်"လို့ ပြောပါတယ်။  

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၆၀ ဝန်းကျင် မီးလောင် ဆုံးရှုံးထားပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဟာဆိုရင် ၁ နှစ် ကျော်ကြာ ရှိလာပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up