ငြိမ်းချမ်းရေးနိုဘယ်လ်ဆု လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ယူကရိန်းနိုင်ငံသားများအတွက်ဟု CCL ပြော

၂၀၂၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရခဲ့တဲ့ ယူကရိန်းပြည်သူ့လွတ်လပ်ရေးဗဟိုဌာန (CCL) ရဲ့ အကြီးအကဲ အိုလက်စန်ဒရာ မတ်ဗီချက်ခ်က ဒီဆုဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ယူကရိန်းနိုင်ငံသားတိုင်းအတွက်ပဲလို့ အောက်တိုဘာ ၈ ရက်က ပြောလိုက်ပါတယ်။
ယူကရိန်းနဲ့ အိမ်နီးချင်း ရုရှားတို့ကြား ပဋိပက္ခဖြစ်အပြီး ခုနစ်လကျော်ကြာချိန်မှာ လက်ရှိ နိုင်ငံတကာ လုံခြုံရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ကိယက်ဗ်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ယူကရိန်းအဖွဲ့ CCL နဲ့အတူ ဘဲလာရုစ်နိုင်ငံက အကျဉ်းကျခံနေရဆဲ တက်ကြွလှုပ်ရှားသူ အာလက်စ် ဘီယာလက်စ်ကီနဲ့ ရုရှားလူ့အခွင့်အရေးအဖွဲ့ မဲမိုရီယယ်တို့ ပူးတွဲ ရရှိခဲ့လို့ ဒီဆုံးဖြတ်ချက်အတွက် ယူကရိန်း သမ္မတအကြံပေး မီခေးလို ပိုဒိုလျက်ခ်က မေးခွန်းထုတ်ခဲ့ပါတယ်။
ဒီအချက်ကို တုံ့ပြန်တဲ့အနေနဲ့ မတ်ဗီချက်ခ်က "ငါတို့နဲ့ မင်းရဲ့လွတ်လပ်ခွင့်အတွက်" ဆိုတဲ့ ဆိုင်းဘုတ်ကို လွှင့်ထူထားခဲ့ပါတယ်။
ဆွီဒင်ငွေကြေး ခရောင်း ၁၀ သန်း (ဒါမှမဟုတ်) အမေရိကန် ဒေါ်လာ ၉ သိန်း တန်ကြေးရှိသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အော်စလိုမြို့တော်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ပေးအပ်မှာပါ။
၁၈၉၅ ခုနှစ်မှာ ဆွီဒင်စက်မှုလုပ်ငန်းရှင် အဲလ်ဖရက်နိုဘယ်လ် ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့မှာ ဆုချီးမြှင့် ပေးအပ်မှာလည်း ဖြစ်ပါတယ်။