close

မော်လမြိုင်ကျွန်းတွင် စစ်ကောင်စီက ဆိုက်ကားဆရာများအပါအဝင် ဒေသခံ ၃၀ ထက်မနည်း ဖမ်းဆီး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာ အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး  သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ဆိုက်ကားဆရာတွေအပါအဝင် ဒေသခံ ပြည်သူ အယောက်  ၃၀ ထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။         

ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူ ဦးခင်မောင်ကြည်ကို အောက်တိုဘာ ၅ ရက်နေ့က အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ ပွဲချင်းပြီးသေဆုံးပြီးနောက် တစ်ပတ်အတွင်း ဒေသခံ အမျိုးသား၊ အမျိုးသမီး ၃၀ ထက်မနည်းကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒေသခံတဦးက "ခင်မောင်ကြည် သေနတ်နဲ့ပစ်သတ်ခံရအပြီးမှာ ဒေသခံအဖမ်းခံရတာ အယောက် ၃၀လောက်ရှိပြီ။ ဆိုက်ကားဆရာတွေ၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေပါတယ်။ လက်ဖက်ရည်ဆိုင်ထိုင်တုန်း အပစ်ခံရတာဆိုပြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင်ပါ  ဖမ်းထားတာ" လို့ ပြောပါတယ်။

ဖမ်းဆီးထားတဲ့သူတွေကို မော်ကျွန်းရဲစခန်းနဲ့ မော်လမြိုင်ကျွန်းအခြေစိုက် အမှတ် ၅၃၄ တပ်အတွင်းမှာ ထားတယ်လို့  ရဲစခန်းနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည်ဟာ   စစ်ကောင်စီသတင်းပေး ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ဧရာဝတီတိုင်းစစ်ဒေသခွဲရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင်အဖွဲ့၊ ဘိုကလေး PDFနဲ့ မော်ကျွန်း ပကဖအဖွဲ့တို့ ပူးပေါင်းကာ သုတ်သင်ရှင်းလင်းခဲ့တာလို့ ဧရာဝတီလင်းပိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up