အပူပိုင်းမုန်တိုင်းကြောင့် မက္ကဆီကိုတွင် ရေကြီးပြီး လူ ၁ ဦးသေဆုံး

အပူပိုင်းမုန်တိုင်း ဂျူလီယာဟာ ဗဟိုအမေရိကကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် အောက်တိုဘာ ၁၁ ရက်မှာတော့ မက္ကဆီကိုကမ်းရိုးတန်းမြို့တမြို့မှာ ရေကြီးရေလျှံဖြစ်ပြီး ပစ္စည်းတွေလည်း ထိခိုက်ပျက်စီးကာ လူတယောက် သေဆုံးခဲ့ပါတယ်။
ပစိဖိတ်ကမ်းရိုးတန်းရှိ ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ အကာပူလ်ကိုမြို့မှာ အင်္ဂါနေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လူတယောက် သေဆုံးသွားကြောင်း မက္ကဆီကို မြို့ပြကာကွယ်ရေး အာဏာပိုင်တွေက အကြောင်းကြားခဲ့ပါတယ်။
လာဗန်တာကမ်းခြေမြို့လေးမှာတော့ အိမ်ခြေ ၂၀၀ လောက် ပျက်စီးခဲ့ပြီး မိသားစုများစွာဟာ သူတို့ရဲ့ တသက်တာပစ္စည်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ မြို့တော်ဝန် ဟွမ်န်လူးဝစ်စ် ဒလ်ဂါဒိုက ပြောပါတယ်။
စစ်တပ်က လမ်းတွေပေါ်ရှိ အပျက်အစီးတွေကို ရှင်းလင်းရာမှာ ကူညီပေးဖို့ အောက်တိုဘာ ၁၂ ရက်က အကာပူလ်ကိုကို ရောက်ရှိလာခဲ့ပါတယ်။
ဂျူလီယာမုန်တိုင်းကြောင့် အယ်လ်ဆာဗေးဒေါနဲ့ ဂွာတီမာလာတို့မှာ ဒုက္ခရောက်သူ အများစုနဲ့အတူ အမေရိကအလယ်ပိုင်းနိုင်ငံတွေမှာ သေဆုံးသူဦးရေဟာ အောက်တိုဘာ ၁၀ ရက်မှာ ၂၅ ယောက်ထက်မနည်း မြင့်တက်လာခဲ့ပါတယ်။