နျူကလီးယားအရေးနှင့်ပတ်သက်၍ အမေရိကန်သံအမတ်ကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဆင့်ခေါ်

ပါကစ္စတန်ရဲ့ နျူကလီးယားအစီအစဉ် ဘေးကင်းမှုကို အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က မေးခွန်းထုတ်လိုက်ပြီးနောက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သံအမတ်ကို ဆင့်ခေါ်ခဲ့တယ်လို့ အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
ပါကစ္စတန်ဟာ နျူကလီးယား လက်နက်တွေ ပေါင်းစည်းညီညွတ်မှုမရှိတဲ့ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး နိုင်ငံတစ်ခုဖြစ်နိုင်တယ်လို့ ဘိုင်ဒန်က အောက်တိုဘာ ၁၃ ရက်မိန့်ခွန်းထဲမှာ ပြောခဲ့တာပါ။
ပါကစ္စတန်နိုင်ငံခြားရေး၀န်ကြီး ဘီလာဝယ်လ် ဘူတိုဇာဒါရီကတော့ ဘိုင်ဒန်က အခုလို မှတ်ချက်ပေးတဲ့အတွက် အံ့သြမိတယ်လို့ ပြောပါတယ်။
“ပါကစ္စတန်ရဲ့ နျူကလီးယား ပိုင်ဆိုင်မှုတွေရဲ့ လုံခြုံရေးနဲ့ လုံခြုံရေးဆိုင်ရာ မေးခွန်းတွေ အတိုင်းပဲ IAEA နဲ့အညီ နိုင်ငံတကာ စံနှုန်းတွေ အားလုံးနဲ့ ကိုက်ညီပါတယ်” လို့ ပါကစ္စတန်ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်သံအမတ်ကို ဆင့်ခေါ်တဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို အပျက် သဘောဆောင်မယ်လို့ မထင်ကြောင်းနဲ့ အရာရှိတွေက အမေရိကန်အစိုးရရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ဘူတိုဇာဒါရီက ပြောပါတယ်။
တချိန်က ရင်းနှီးတဲ့မဟာမိတ်တွေဖြစ်တဲ့ ပါကစ္စတန်နဲ့ အမေရိကန်အစိုးရတွေကြား ဆက်ဆံရေး ဟာ နှစ်တော်တော်ကြာကြာ အေးခဲလာပြီးနောက် ဆက်ဆံရေး ပြန်နွေးထွေးလာခဲ့တာပါ။
မပြေလည်မှု အများစုက အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန်တွေကို ပါကစ္စတန်က ထောက်ပံ့ နေမလားဆိုတာ စိုးရိမ်စိတ်ကြောင့်ဖြစ်ပြီး ပါကစ္စတန်ကတော့ ဒီထောက်ပံ့မှုကို ငြင်းဆိုထား ပါတယ်။
၀ါရှင်တန်မြို့တော်ဆီကို မကြာသေးမီက သွားခဲ့တဲ့ ခရီးစဉ်ထဲမှာ ပါကစ္စတန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့အကြောင်း အမေရိကန်က ပြောဆိုခဲ့တာ မရှိခဲ့ဘူးလို့လည်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။