ယူကရိန်းနိုင်ငံတွင် ပေါက်ကွဲမှုများကြောင့် နေအိမ်အများအပြား ပျက်စီး

ယူကရိန်းနိုင်ငံ အလယ်ပိုင်း ရှက်ဗ်ချန်းကစ်ဗ်စကာယီခရိုင်မှာ အောက်တိုဘာ ၁၇ ရက် အစောပိုင်းက ပေါက်ကွဲမှု အများအပြားဖြစ်ခဲ့ပြီး တပတ်အတွင်း လူနေအိမ် အဆောက်အအုံ အမြောက်အမြား ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ အသေခံဗုံးခွဲတာ ဒါမှမဟုတ် ခါမိခါဇေ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်တာလို့ ယူကရိန်းသမ္မတရဲ့ ကာကွယ်ရေး ဦးစီးချုပ် အန်ဒရေ ယာမတ်ခ်က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
စွပ်စွဲချက်တွေကို သီးခြားအတည်မပြုနိုင်ပါဘူး။ အသေအပျောက်နဲ့ ပတ်သက်ပြီး ချက်ချင်း သတင်းအချက်အလက် မရခဲ့ပါဘူး။
တက္ကသိုလ်တွေ၊ ကျောင်းသား တွေအတွက် ဘားတွေနဲ့ စားသောက်ဆိုင်တွေရှိရာ စည်ကားတဲ့ အချက်အချာ ခရိုင်မှာ တနင်္လာနေ့က ပေါက်ကွဲမှု အများအပြား ဖြစ်ခဲ့တာပါ။
ရုရှားအစိုးရဟာ ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားပြည်မကြီးကို ဆက်သွယ်ထားတဲ့ တံတားပေါ်မှာ ဗုံးပေါက်ကွဲမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းမြို့တွေကို လေကြောင်းကနေ အကြီးမားဆုံး ထိုးစစ်ဆင်ဖို့ အမိန့်ပေးခဲ့ပါတယ်။
မကြာသေးမီ သီတင်းပတ်တွေအတွင်း အီရန်လုပ် ရှာဟိဒ် -136 ဒရုန်းတွေနဲ့ ရုရှားက တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားနိုင်ငံဆီ မောင်းသူမဲ့လေယာဉ်တွေ ထောက်ပံ့ပေးတာနဲ့ ပတ်သက်ပြီး အီရန်က ငြင်းဆိုထား ပေမယ့် ရုရှား သမ္မတ နန်းတော်က မှတ်ချက်မပေးခဲ့ပါဘူး။
ယူကရိန်းမှာ ရုရှားရဲ့ အထူးစစ်ဆင်ရေးအတွင်း အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့လည်း ရုရှားက ငြင်းဆိုထားပါတယ်။