close

ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်သား ၉ ဦးထွက်ပြေး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက စစ်ကောက်စီတပ်သား ၉ ယောက်ဟာ အောက်တိုဘာ ၁၇ ရက်နေ့မှာ ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခမရ ၅၅၀ တပ်ရင်းက စစ်သား ၉ ယောက်ဟာ မနေ့နေ့လယ်ပိုင်းမှာ ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးနားက ကျေးရွာတွေမှာ အသဲအသန်လိုက်လံမေးမြန်း ရှာဖွေနေတယ်လို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သား ၉ ယောက်မှာတော့ လက်နက်ခဲယမ်းတွေ ပါမသွားဘူးလို့ စုံစမ်းသိရှိရပြီး ဒီနေ့မနက် မနက် ၇ နာရီလောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်လောက်ဟာ သူတို့ရဲ့ တပ်ရင်းရှေ့မှာ လမ်းသွားလမ်းလာ ကားတွေ၊ ဆိုင်ကယ်တွေကို ပိတ်ဆို့ စစ်ဆေးနေကြတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ တခြားမြို့နယ်တွေက ​စစ်ကောင်စီ အရာရှိစစ်သည်တွေ လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတ ရာဂဏန်းလောက်ရှိတယ်လို့ ရက္ခိုင်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပဥ္စမအကြိမ်မြောက် ULA/AA သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

တိုက်ပွဲမဖြစ်ခင် လာရောက်ပူးပေါင်းလာသူတွေရှိသလို တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်းမှာ ရက္ခိုင်တပ်တော် AA ဆီမှာ လာရောက်ပူးပေါင်းသူတွေက ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ထပ်မံအလင်းဝင်ဖို့ ULA/AA ကို ဆက်သွယ်လာသူ အများအပြားရှိနေပြီး ပူပေါင်းလာသူတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားသလို ထပ်မံပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up