close

ဂန့်ဂေါတိုက်ပွဲ၌ စစ်ကောင်စီတပ်က ၈ ဦးသေ၊ YDF ရဲဘော် ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့-YDF တို့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ YDF ကနေ သိရပါတယ်။

မနေ့ ညနေ ၄နာရီကျော်လောက်မှာ ခလရ(၅၀)က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအင်အား  ၁၅၀ လောက် စစ်ကြောင်းထိုးလာလို့ YDF တပ်ရင်း(၁/၂/၃)ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ  နှစ် ကြိမ်ဖြစ်ပွားခဲ့တယ်လို့ YDFရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံ ကိုမင်းမင်းက ပြောပါတယ်။

“အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ရှစ်ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ကျနော်တို့ YDF က ရဲဘော် နှစ်ယောက် ဒဏ်ရာအနည်းငယ်ရရှိကာ တိုက်ပွဲအနီးနား ကျေးရွာက အပြစ်မဲ့ အမျိုးသမီးတယောက်ကို စစ်(...)တွေပစ်ခတ်လိုက်တဲ့ ကျည်ဆန်ထိမှန်လို့ ပေါင်မှာဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေနေကတော့ မစိုးရိမ်ရဘူး။”

အဲဒီတိုက်ပွဲကို YDF ရဲ့ ကျဆုံးခဲ့ရတဲ့ ဒုတိယစစ်ဦးစီးချုပ်နဲ့ ရဲဘော်လေးအတွက် လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်ပြီး နောက်ထပ်လည်း  စစ်ကောင်စီတပ်တွေ အမြစ်ပြုတ်တဲ့ အထိသွေးကြွေးဆပ်သွားမယ်လို့ ပြောပါတယ်။

မိဘပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေလို့ ဘေးလွတ်ရာနေရာတွေမှာ နေထိုင်ကြဖို့နဲ့ တိုက်ပွဲဧရိယာအတွင်းကို ဖြတ်သန်းသွာလာတာ မပြုလုပ်ကြဖို့နဲ့ လုံခြုံတဲ့နေရာတွေမှာသာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူအရေအတွက် အတိအကျကို  အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up