close

ဩစတြေးလျနှင့် စင်ကာပူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးသဘောတူညီမှု လက်မှတ်ရေးထိုး

ဩစတေးလျနှင့် စင်ကာပူအစိုးရတွေဟာ ရာသီဥတုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေး သဘောတူညီချက်တရပ်ကို အောက်တိုဘာ ၁၈ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဦးစားပေး ကုန်သွယ်မှုကို ပေးစွမ်းနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်စည်နှင့် ဝန်ဆောင်မှုတွေကို စာရင်းပြုစုခြင်း စတဲ့ အစပျိုးမှုတွေနဲ့ သဘောတူညီချက်ကို စတင်မယ်လို့ ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။

သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနိစ်က သဘောတူညီချက်ရဖို့ ရည်မှန်းထားတဲ့ ဥပမာအနေနဲ့ သြစတြေးလျမြောက်ပိုင်းကနေ စင်ကာပူကို ဆိုလာပါဝါ တင်ပို့ဖို့ ရည်ရွယ်တဲ့ အမေရိကန်ဒေါ်လာ ၁၈.၈ ဘီလီယံတန် Sun Cable စီမံကိန်းကို ကိုးကားဖော်ပြခဲ့ပါတယ်။

တစိတ်တပိုင်း လျှပ်ကူးပစ္စည်း ဆီမီးကွန်ဒတ်တာလုပ်ငန်းကို ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ ပို့ကုန်ထိန်းချုပ်မှုတွေအကြောင်း မေးမြန်းရာမှာ လီရှင်လွန်းက ဒီပြဿနာဟာ အလွန်ပြင်းထန်ပြီး စီးပွားရေးအရ ခွဲထွက်ခြင်းနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်လာနေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up