close

ပခုက္ကူထောင်တွင် အကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေ

မကွေးတိုင်း ပခုက္ကူမြို့၊ ပခုက္ကူအကျဉ်းထောင်မှာ အကျဉ်းသားတွေ အောက်တိုဘာ ၁‌၆ မနက်ကနေ ဒီနေ့အထိ အစာငတ်ခံဆန္ဒပြနေကြတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာ ပခုက္ကူအကျဥ်းထောင်ကနေ လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့တဲ့ အကျဥ်းသားတွေကို တိုက်ပိတ်၊ ရိုက်နှက်၊ အစာမကျွေး၊ ရေမတိုက်ဘဲ ထားတာကြောင့် အကျဉ်သားအားလုံး အခုလို အစာငတ်ခံ ဆန္ဒပြနေကြတာလို့ သိရပါတယ်။

“တိုက်ပိတ်ခံရတဲ့ ၆ ဦးကို ထောင်အာဏာပိုင်တွေက ညှဉ်းပန်းနှိပ်စက်လို့ ဆန္ဒပြနေကြတယ်။ ကျနော်တို့ ထောင်ဝန်ထမ်းမိသားစုတွေဆီကနေ သိရတယ်ဗျ” ထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

အကျဉ်းသားတွေကို အနိုင်ကျင့်တဲ့ ထောင်ဝန်ထမ်းတွေကတော့ တပွင့်ဗိုလ်အဆင့်ရှိ ဘိုဘိုမျိုးလှိုင်၊ ဇော်မျိုးထိုက်၊ လွင်မိုးဦး၊ ဝင်းနိုင်နဲ့ တကြပ်ကြီးအဆင့်ရှိ ဂတ်စာရေးဆရာရွှေ၊ တကြပ် ဝေယံဦး၊ ဒုတပ်ကြပ် ထိန်လင်းနဲ့ မူဝါး၊ တပ်သားအဆင့်ရှိ ညီညီနိုင်စိုး၊ ဇင်မင်းထိုက်၊ ဟန်ဌေးဝင်း၊ ဖြိုးကျော်၊ နေလင်းနဲ့ ထက်ဖြိုးငြိမ်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒ့ါအပြင် ရိုက်နှက်တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသား ၆ ဦးလုံးကို စစ်ကောင်စီက ဆေးဝါးကုသ မပေးတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

ပခုက္ကူအကျဉ်းထောင်အတွင်းမှာ အကျဉ်သား ၈၀၀ ကျော်တဲ့အနက် ၆၀၀ ကျော်က နိုင်ငံရေးအကျဉ်းသားတွေဖြစ်ပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့ကလည်း အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up