ပြင်သစ်ကွင်းလယ်လူ ကွန်တေ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပွဲ လွဲချော်မည်

ပြင်သစ်ကွင်းလယ်ကစားသမား ကွန်တေဟာ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသခဲ့လို့ ၄ လကြာ အနားယူရမှာဖြစ်ပြီး လာမယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်တော့မှာပါ။
ချဲလ်ဆီးကွင်းလယ်လူ ကွန်တေဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်က စပါးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး အဆုံးသတ်မှာတော့ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတာပါ။
၄ လ အနားယူရမှာဖြစ်လို့ လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ စတင်မယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ဘောလုံးပွဲကို လွဲချော်ဖို့ သေချာစေခဲ့တာပါ။
ကွန်တေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူပါ။ ကွန်တေရဲ့ တံကောက်ကြောဒဏ်ရာခွဲစိတ်ကုသမှုဟာ အောင်မြင်ခဲ့ပြီး ၄ လလောက် အနားယူရ မှာဖြစ်ကြောင်း ချဲလ်ဆီးအသင်းကလည်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။