ဗြိတိန်နှင့် ရုရှားတို့ ယူကရိန်းအရေး ဆွေးနွေး

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီလ်ရွှိုင်ဂူက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘန်ဝေါလေ့စ်နဲ့ အောက်တိုဘာ ၂၃ ရက် မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းမှာ "ညစ်ပတ်တဲ့ဗုံး"ကို သုံးမှာကို ရုရှားက စိုးရိမ်မိတယ်လို့ ရွှိုင်ဂူက ဝေါလေ့စ်ကို ပြောပါတယ်။
ရွှိုင်ဂူဟာ အောက်တိုဘာ ၂၃ ရက်အစောပိုင်းမှာ ပြင်သစ်နဲ့ တူရကီ ကာကွယ်ရေးဝန်ကြီးတွေ နဲ့လည်း ဖုန်းဆက်ပြောဆိုခဲ့ပါသေးတယ်။
ရုရှားက သူ့အဆိုကို ထောက်ခံဖို့ အထောက်အထား မပြပေမဲ့ ယူကရိန်းရဲ့ အခြေအနေဟာ အလျင်အမြန် ယိုယွင်းနေပြီး ထိန်းမနိုင်သိမ်းမရ အခြေအနေတွေ တိုးမြင့်လာနေတယ်လို့ သတိပေးထားပါတယ်။
တွစ်တာမှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တယ်လီ ဖုန်းပြောဆိုမှု အသေးစိတ်ကို အတည်ပြုပြောကြားပါတယ်။